မိုင်းရယ် ၊ ဧပြီ ၂၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် မြို့မရဲစခန်းမှ ၂၀၂၂ ခုနှစ်တွင် ဖမ်းဆီးရမိပြီး ဖျက်ဆီးရန်ကျန်ရှိသော သက်သေခံ ထိန်းချုပ်ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများအား မြေမြှုပ်ဖျက်ဆီးခြင်းကို ယနေ့နံနက် ၉ နာရီက အမှတ်(၁)ရပ်ကွက်၊ မြို့နယ်စည်ပင်သာယာရေး အမှိုက်ပုံမြေနေရာ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ သက်သေခံထိန်းချုပ်ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများအား မြေမြှုပ်ဖျက်ဆီးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းအောင်နှင့် အဖွဲ့ဝင်များ၊ သက်သေခံထိန်းချုပ်ဓါတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ မြေမြှုပ်ဖျက်ဆီးနိုင်ရေးအဖွဲ့ခေါင်းဆောင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးသန့်နှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ တက်ရောက်ကြပြီး ရဲမှူးမျိုးသန့်က သက်သေခံထိန်းချုပ် ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ အမျိုးအမည်နှင့် အရေအတွက်များအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တရားရုံးပြီးပြတ်ပြီးဖြစ်သည့် အမှုများမှ သက်သေခံထိန်းချုပ်ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများဖြစ်သည့် ဆိုဒီယမ်အီသောက်ဆိုဒ် (၁၈၀)အိတ် (၅၃၉၉ ဒသမ ၁ ကီလိုဂရမ်) စုစုပေါင်း တန်ဖိုးငွေကျပ် ၁၃,၄၉၇,၇၅ဝိ/- ကို အလျား (၁၀)ပေ၊ အနံ(၁၀)ပေ၊ အနက်(၆) ပေရှိ မြေကျင်း(၂)ကျင်းထဲသို့ မြေမြှုပ်ဖျက်ဆီးခဲ့ကြောင်း သိရှိရပါသည်။
မိုင်းရယ်
https://t.me/MyanmarNationalPost

No comments:
Post a Comment