ကျိုက်မရောဒေသထွက် ယိုးဒယားဒူးရင်းသီးများ စတင်ထွက်ရှိနေပြီး ဝယ်လိုအား ကောင်းလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်မရောဒေသထွက် ယိုးဒယားဒူးရင်းသီးများ စတင်ထွက်ရှိနေပြီး ဝယ်လိုအား ကောင်းလျက်ရှိ



ကျိုက်မရော ဧပြီ ၂၅

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကလိုင်းကနိုင်အပေါ်ရွာရှိ ယိုးဒယားဒူးရင်းသီးများ လှိုင်လှိုင်ထွက်ရှိနေပြီး စျေးကွက်ဝင် သီးနှံအဖြစ် ကုန်သည်များ အဝယ်လိုက်လျက်ရှိကြောင်း  သိရသည်။

ကျိုက်မရော မြို့နယ်သည် စိုက်ပျိုးသီးနှံ ဥယျာဥ်ခြံများ၌ စားပင်သီးပင်များကို ​အဓိကထား၍ စီးပွားဖြစ် စိုက်ပျိုးကြသူများဖြစ်ရာ  နှစ်ရှည်သီးနှံလည်းဖြစ်ကာ စျေးကွက်ဝင်သီးနှံဖြစ်သည့် ဒူးရင်းသီးများကို စနသ်တကျ စိုက်ပျိုးထားရှိပြီး တန်ခူးလဆိုလျှင် ဒူးရင်းသီးများ စတင်ပေါ်နေပြီး စျေးကောင်းလည်းရသဖြင့် ဒူးရင်းခြံပိုင်ရှင်များ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ယိုးဒယား  ဒူးရင်းသီးမျိုးကို စိုက်ပျိုးရာ၌ ပျိုးပင်များနှင့် ကိုင်းဆက်/ကိုင်းကူး နည်းများဖြင့် အဓိကစိုက်ပျိုးပြီး ဒူးရင်းသီးပင် အသီးများစတင်သီးပြီး ဒူးရင်းပင်ကို တစ်ဧကလျှင် ပေ(၃၀)ခန့် စိုက်ပျိုးမည်ဆိုပါက အပင်ရေ (၄၀) အထိ စိုက်နိုင်ပြီး အပင်များပိုးမွှားအန္တရာယ်နှင့် ရှဥ့်ငပေါ အကောင်များ ကိုက်ဖြတ်တတ်သဖြင့် အသီးများကြီးပါက ကြက်သွန်ထည့်သည့် အိတ်ခွံများ၌ ထည့်၍ ထုတ်ထားရကြောင်း၊ သဘာဝဓာတ်မြေသြဇာများ ထည့်သွင်းခြင်းကို သူ့အချိန်နှင့်သူ ထည့်ပြီး ပုံမှန်ရေသွင်းပေးရကြောင်း ဒူးရင်းခြံစီးပွားဖြစ် စိုက်ပျိုးသူ ဦးကရင်က ပြောသည်။

ကျိုက်မရောဒေသထွက် ဒူးရင်းသီးမျိုးသန့်များကို မွန်ပြည်နယ်အတွင်းသာမက ပြည်ပနိုင်ငံများအထိ တင်ပို့နိုင်ရန်အတွက် ဒူးရင်းသီးကုန်သည်များက ဒူးရင်းသီး စသီးချိန်မှစတင်ကာ ခြံချုုပ်ဝယ်ယူခြင်း၊ ကြိုတင်စရန်ငွေပေးခြင်း စသည်ဖြင့် စျေးကွက်ဝင် သီးနှံအဖြစ် ဝယ်လိုအားကောင်းလျက်ရှိကြောင်း သိရသည်။


ချိုမြတ်မြတ်ထွေး 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)