PDF အမည်ခံ နီပိန်း ပဒက် အကြမ်းဖက်သမားများ ဆိုသည်မှာ (ဘုံကျွန်) - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

PDF အမည်ခံ နီပိန်း ပဒက် အကြမ်းဖက်သမားများ ဆိုသည်မှာ (ဘုံကျွန်)


မဲလိမ် မဲခိုးမှုကြောင့် NLD ပါတီ အာဏာလက်မဲ့ဖြစ်သွားပြီးတဲ့နောက် -

မြန်မာနိုင်ငံမှာ အလုပ်အကိုင် အခွင့်အလမ်း ခေါင်းစဉ်တွေ တိုးလာခဲ့တယ်လို့ ဆိုရပါလိမ့်မယ်။ အဲဒီ အလုပ်တွေကတော့ ဆူပူအကြမ်းဖက်လှုံ့ဆော်တဲ့ အလုပ်၊ အကြမ်းဖက်သမား အလုပ် ဆိုတာတွေပဲ ဖြစ်ပါတယ်။ ဒီအလုပ် ၂ခုမှာလည်း ဆူပူအကြမ်းဖက်လှုံ့ဆော်သူတွေက ပညာတတ်ရပါတယ်။ ယုတ္တိရှိရှိ လုပ်ကြံလီဆည် ရေးသား ဖြန့်ဝေ လှုံ့ဆော်နိုင်စွမ်းရှိရပါတယ်။ ဒါကြောင့် ဒီအလုပ်ကို NLD ပါတီဦးဆောင်သူများ၊ ၈၈ ကျောင်းသားအိုကြီးများ၊ အနုပညာရှင်ဆိုသူများသာ ငွေကြေးမျိုးမျိုးမြတ်မြတ်ရပြီး ဘေးမသီ ရန်မခတဲ့ လှုံ့ဆော်တဲ့ အလုပ်ကို လုပ်ခွင့်ရတာ ဖြစ်ပါတယ်။

ပညာမဲ့ နီပိန်းတွေကိုတော့ လှုံ့ဆော်သူနေရာမှာ အခွင့်အရေးမပေးပါဘူး။ လှုံ့ဆော်သူများ လမ်းညွှန်စေခိုင်းသည့်အတိုင်း အကြမ်းဖက်သမားများအဖြစ်သာ ပါဝင်ခွင့်ပေးပါတယ်။ အကြမ်းဖက်လှုပ်ရှားမှုမှာ ပါဝင်မယ့် နီပိန်းတွေကို လှုံ့ဆော်သူကြီးများက စီစဉ်ပြီး KNU, KIA အစရှိသော လက်နက်ကိုင်အဖွဲ့အစည်းများထံ ပို့ဆောင်ပေးခဲ့ပါတယ်။

အဲဒီအချိန်ကစပြီး နီပိန်း များသည် ပဒက် အကြမ်းဖက်သမားများအဖြစ် အသိအမှတ်ပြုခြင်း ခံရပါတယ်။ နီပိန်း ပဒက်လေးများကတော့ လှုံ့ဆော်သူများအလိုကျ KNU, KIA လက်အောက်မှာ လက်နက်တကားကားနဲ့ ဖင်ယားနေရတာကို တော်လှန်ရေးသမားကြီးတွေလို့ နားထင်သွေးရောက်အောင်လည်း လှုံ့ဆော်သူများက ဂျင်းထည့်ထားပါသေးတယ်။

နောက်ဆုံးတော့ NLD ဦးဆောင်သူများ၊ ၈၈ ကျောင်းသားအိုကြီးများ၊ အနုပညာရှင်ဆိုသူများ အားလုံးဟာ ပြည်ပနိုင်ငံများကို သူ့ထက်ငါ အလုအယက် ထွက်ပြေးတိမ်းရှောင်ပြီး နီပိန်း ပဒက် အကြမ်းဖက်သမားလေးတွေကတော့ KNU, KIA ရဲ့ တပ်သားအဖြစ်နဲ့ KNU ခိုင်းတာကိုလုပ်၊ ပေးတာကိုယူ၊ ရှေ့ဆုံးက အသေခံတိုက်ရတဲ့ အသေခံ အကြမ်းဖက်သမားလေးများ ဖြစ်လာကြပါတယ်။

တချို့သော ဆင်ခြင်တုံတရားရှိတဲ့ နီပိန်း ပဒက် အကြမ်းဖက်သမားကတော့ သူတို့ ရပ်တည်နေရတဲ့ အခြေအနကို သူတို့ သိလာကြပါတယ်။ ပြည်ပြေး ဝရမ်းပြေး NLD ဦးဆောင်သူများနဲ့ ၈၈ ကျောင်းသားအိုကြီးများက လူငယ်များကို အကြမ်းဖက်လမ်းစဉ်ပေါ် တွန်းတင်ပြီး ထိုးကဗြစ် လိုးကဗြစ် ထားခဲ့အချိန်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကတော့ သူတို့ရဲ့ နိုင်ငံရေးမျှော်လင့်ချက်တွေအတွက် PDF အမည်ခံ နီပိန်း ပဒက် အကြမ်းဖက်သမားကို အသုံးပြုလို့ ရတယ်ဆိုတာကို ကောင်းကောင်းကြီး နားလည်လာကြပြီး ပြည်ပြေး ဝရမ်းပြေး NUG နဲ့ တသားတည်း ရှိနေသယောင် အကြမ်းဖက်တိုက်ခိုက်မှုတွေ လုပ်ဆောင်လာကြပါတယ်။

ရှမ်းပြည် (မြောက်ပိုင်း)မှာ MNDAA, TNLA, AA သုံးဖွဲ့က အကြမ်းဖက်မှုတွေ လုပ်ဆောင်လာတဲ့အချိန်မှာလည်း NUG အကြမ်းဖက်အဖွဲ့ရဲ့ သြဇာခံ BPLA လို့ အမည်ခံထားတဲ့ နီပိန်း ပဒက် အုပ်စုက အတူတကွ တိုက်ပွဲဝင်နေပါကြောင်း အကြမ်းဖက်အလံကို ကိုင်ဆောင်ပြီး ဂုဏ်ဆာခဲ့ကြပါတယ်။

အဲဒီမှာလည်း MNDAA, TNLA အဖွဲ့တွေဟာ သူတို့ နယ်မြေရပြီဆိုတာနဲ့ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေ ဖန်တီးကြတော့တာပါပဲ။ ရှမ်းမြောက်တိုက်ပွဲများမှာ အသေခံတိုက်ပေးတဲ့ ပဒက်လေးတွေကိုတော့ စနစ်တကျ သင်္ဂြိုလ်ပေးဖို့ ဝေးစွ၊ ချောက်ထဲ ပစ်ချပြီး အလောင်းဖျောက်လိုက်ကြတာပါပဲ။

ထိုနည်းတူစွာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ KIA, PDF က မြို့သိမ်းတိုက်ပွဲ ဆင်နွှဲတယ်ဆိုရာမှာလည်း KIA က နောက်က ကြိုးကိုင်ပြီး ပဒက်များက ရှေ့က အသေခံတိုက်ရတယ်။ မြို့/ရွာတွေကို အပိုင်စီးနိုင်တဲ့အခါ KIA က သူတို့ လိုချင်တာ ယူတယ်။ အပိုင်မစီးနိုင်လို့ နောက်ဆုတ်ပြေးရတဲ့အခါ KIA က အသေမခံ၊ ပဒက်တွေပဲ သေပြီး ကျန်ခဲ့တယ်။

မြဝတီမြို့သိမ်းတိုက်ပွဲ ထိုနည်းတူစွာပါပဲ။ KNU, KNLA, KKO အစရှိသော ကရင်အဖွဲ့များက ဦးဆောင်လို့ PDF အမည်ခံ ပဒက် အကြမ်းဖက်သမားက အသေခံတိုက်ပေးတာပါပဲ။ ကရက်လက်နက်ကိုင်အဖွဲ့တွေရဲ့ ရည်မှန်းချက်က ကရင်နိုင်ငံတော်တည်ထောင်ဖို့၊ ကော်သူလေးနိုင်ငံတော် ထူထောင်ဖို့ပဲ ဖြစ်ပါတယ်။

နီပိန်း ပဒက်တွေ ထင်နေတာက အဲဒီလက်နက်ကိုင်တပ်ဖွဲ့တွေဟာ NUG အတွက် တိုက်ပွဲဝင်ပေးနေတယ်လို့ ထင်နေကြတာ ဖြစ်ပါတယ်။ ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့အနေနဲ့ကလည်း သူတို့မှာ သြဇာခံ မရှိတဲ့အခါ အကြမ်းဖက်လှုပ်ရှားမှုမှာ ပါဝင်လာသမျှ သူတို့ရဲ့ မဟာမိတ်လို့ နီပိန်း ပဒက်လေးများ ထင်မှတ်မှားစေဖို့ ဂျင်းထည့်ရတာ အမောပါပဲ။

ရခိုင်ပြည်နယ်မှာ AA အကြမ်းဖက်အဖွဲ့က ကိုယ့်ကြမ္မာကိုယ်ဖန်တီးမယ်ဆိုတဲ့ ကြွေးကြော်သံနဲ့ တိုက်ခိုက်နေတာကိုလည်း ပဒက်များက တတ်စွမ်းသမျှ ပါဝင် တိုက်ခိုက်ပေးခဲ့ကြတာပဲ။ 

နောက်ဆုံးတော့ ပဒက်များဟာ ကြာကူလီ နေမျိုးဇင် ပြောတဲ့စကားလိုပါပဲ ဦးဆောင်မှု မဲ့နေတဲ့ အကြမ်းဖက်ဝါဒီလေးတွေ ဖြစ်လာပါတယ်။ သူတို့ ကို ဦးဆောင်တဲ့ CRPH, NUG အဖွဲ့ဝင်အားလုံးဟာ ပြည်ပနိုင်ငံများကို ထွက်ပြေးတိမ်းရှောင်သွားပြီး နီပိန်း ကနေ ပဒက် အကြမ်းဖက်သမားဖြစ်လာသူများကိုတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များရဲ့ လက်အောက်မှာ ဘုံကျွန်အဖြစ်နဲ့ ထားခဲ့တယ် မဟုတ်ပါလား။ ဒါကြောင့် PDF အမည်ခံ နီပိန်း ပဒက် အကြမ်းဖက်သမားများဆိုသည်မှာ ဘုံကျွန်များသာ ဖြစ်ပါကြောင်း -


ဒေါင်းနင်း

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)