ကျောက်ပန်းတောင်းမြို့နယ်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်တာဝန် ပေးအပ်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ပန်းတောင်းမြို့နယ်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်တာဝန် ပေးအပ်ပွဲကျင်းပ


ကျောက်ပန်းတောင်း ၊  ဧပြီ  ၂၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရ စီမံကိန်း ရည်မှန်းချက် တာဝန်များပေးအပ်ပွဲအခမ်းအနားကို ဧပြီ(၂၅)ရက်နေ့ နံနက်(၉)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံကိန်းရေးဆွဲရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးသန်းလွင်က အဖွင့်အမှာစကားပြောကြားရာတွင် ကျောက်ပန်းတောင်းမြို့နယ်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာ ရေးနှစ်အတွက် ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး(GDP) တိုးတက်မှုနှုန်းကို (၉.၆)ရာခိုင်နှုန်း တိုးတက်ရရှိရန် မျှော်မှန်းထားသည့်အတွက်၊ ဌာနဆိုင်ရာများ၊ စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီအနေဖြင့် မိမိတို့၏ ကဏ္ဍအလိုက်နှင့် မြို့နယ်အလိုက် (GDP) တိုးတက်မှုနှုန်း ရည်မှန်းချက်များ ပြည့်မီကျော်လွန်အောင် စွမ်းစွမ်းတမံ ဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း ထည့်သွင်းပြောကြား သည်။ ဆက်လက်၍ မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ အတွင်းရေးမှူး၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နှင်းလဲ့လဲ့ဝင်းက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ (ကဏ္ဍအလိုက်) ဒေသန္တရစီမံကိန်း ရည်မှန်းချက်တာဝန်များကို သက်ဆိုင်ရာသည့်ဌာနဆိုင်ရာ အကြီးအကဲများသို့ ပေးအပ်ကြသည်။ ယင်းနောက် မြို့နယ်စီမံကိန်းရေးဆွဲရေး ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးသန်းလွင်က နိဂုံးချုပ်အမှာစကားပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့် အဖွဲ့ဝင်များ၊ လယ်ယာကဏ္ဍ၊ သားငါးကဏ္ဍ၊ သစ်တောကဏ္ဍ၊ လျှပ်စစ်ကဏ္ဍ၊ ငွေရေးကြေးရေးကဏ္ဍနှင့် ဆက်သွယ်ရေးကဏ္ဍများမှ သက်ဆိုင်ရာဌာနတာဝန်ရှိသူများ စုစုပေါင်း (၃၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။


နေအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)