ပေါက်ခေါင်းမြို့နယ်၌ လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများအတွက် ထောက်ပံ့ငွေများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်ခေါင်းမြို့နယ်၌ လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများအတွက် ထောက်ပံ့ငွေများပေးအပ်



ပေါက်ခေါင်း ၊  ဧပြီ  ၂၅

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် ဧပြီ ၂၄ ရက်နေ့ ညနေပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် ကျေးရွာအုပ်စု(၆)အုပ်စုမှ အမိုးလန်ဘုန်းတော်ကြီးကျောင်း ၁ ကျောင်း၊ အမိုးလန်နေအိမ် ၄၅ လုံးနှင့်ပြိုလဲနေအိမ် ၂ လုံးအတွက် ပြည်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွေ၊ ဆန်ရိက္ခာဘိုးနှင့် ကယ်ဆယ်ရေးပစ္စည်းများပေးအပ်ပွဲကို ယနေ့မွန်းလွဲ ၁ နာရီခွဲအချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အဆိုပါထောက်ပံ့ငွေပေးအပ်ပွဲတွင် ပြည်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်တင်တင်ချိုက ထောက်ပံ့ငွေများ ပေးအပ်ရခြင်းနှင့်ပင်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးသည့် ဘုန်းတော်ကြီးကျောင်း(၁)ကျောင်းနှင့် လူနေအိမ်(၄၅)လုံးအတွက်ငွေကျပ် (၂၃)သိန်း၊ ပြိုလဲ‌နေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဘိုး(၂)သိန်းနှင့် ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုးပါပုံး ၂ ပုံးနှင့်လေဘေးသင့်လူဦးရေ (၁၅၃)ဦးအတွက်ဆန်ရိက္ခာဘိုးငွေ ၃၂၁၃၀၀၊ စုစုပေါင်း ၂၈၂၁၃၀၀ တို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးဖြိုးသူမောင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁)ဗိုလ်မှူးယုနောင်နှင့် ပြည်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးတို့က လေဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။


သန်းထွန်းအောင် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)