မောင်ကိန်း၊ နယူးတိုင်စင်အပါအဝင် ရွှေဆိုင်(၇)ဆိုင် သည် ရွှေရောင်းဝယ်သူများဆိုင်ရာ ညွှန်ကြားချက် ကို လိုက်နာရန် ပျက်ကွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

မောင်ကိန်း၊ နယူးတိုင်စင်အပါအဝင် ရွှေဆိုင်(၇)ဆိုင် သည် ရွှေရောင်းဝယ်သူများဆိုင်ရာ ညွှန်ကြားချက် ကို လိုက်နာရန် ပျက်ကွက်


ရန်ကုန်၊ ဧပြီ ၂

ရွှေနှင့် ငွေကြေးဈေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေး လုပ်ငန်းကော်မတီ၏ သတင်းထုတ်ပြန်ချက်အရ မောင်ကိန်း၊ နယူးတိုင်စင် အပါအဝင် ဆိုင်(၇)ဆိုင်သည် ရွှေရောင်းဝယ်ရေး အသိအမှတ်ပြု မှတ်ပုံတင်လက်မှတ် မရှိခြင်းအပါအဝင် ရွှေရောင်းဝယ်သူများ လိုက်နာရမည့် "အဖိုးတန်သတ္တု(ရွှေ) ရောင်းဝယ်သူများဆိုင်ရာ ညွှန်ကြားချက်ကို လိုက်နာရန် ပျက်ကွက်ကြောင်း တွေ့ရှိခဲ့ရသည်ဟု ယနေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

ရန်ကုန်တိုင်းဒေသကြီးမှ မောင်ကိန်းရွှေဆိုင်၊ နယူးတိုင်စင်ရွှေဆိုင်၊ ခရမ်းသုံးခွရွှေဆိုင် (၃)ဆိုင်၊ မန္တလေးတိုင်းဒေသကြီးမှ ရွှေစင်ဝင်းရွှေသန့်စင်လုပ်ငန်း၊ ရွှေမင်းသားရွှေလှော်ဖိုလုပ်ငန်း၊ မန်းစံပယ်ရွှေရောင်းဝယ်ရေးလုပ်ငန်း၊ မြန်မာရွှေ ရွှေဆိုင်လုပ်ငန်း (၄)ဆိုင် တို့အား အသိအမှတ်ပြု မှတ်ပုံတင်လက်မှတ်မရှိဘဲ လုပ်ငန်းဆောင်ရွက်ခြင်းမပြုရန်၊ လုပ်ငန်းယာယီရပ်ဆိုင်းခြင်းအပါအဝင် လိုအပ်သည့် အရေးယူမှုများ ဆောင်ရွက်ပြီးဖြစ်ကြောင်း ထုတ်ပြန်ထားသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)