ကန့်ဘလူ၊ ကျွန်းလှ၊ တန့်ဆည်၊ ကောလင်းမြို့နယ်များတွင် PDF အကြမ်းဖက်သမား စိုးမိုးထားသည့် နယ်မြေများ ရှိနေသေကြောင်း သိရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကန့်ဘလူ၊ ကျွန်းလှ၊ တန့်ဆည်၊ ကောလင်းမြို့နယ်များတွင် PDF အကြမ်းဖက်သမား စိုးမိုးထားသည့် နယ်မြေများ ရှိနေသေကြောင်း သိရ



MNP ၊ ဧပြီ ၂

ကန့်ဘလူ၊ ကျွန်းလှ၊ တန့်ဆည်၊ ကောလင်းမြို့နယ်များတွင် PDF အကြမ်းဖက်သမား စိုးမိုးထားသည့် နယ်မြေများ ရှိနေသေကြောင်း ကျွန်းလှမီးအိမ်ရှင်မှ ရေးသားဖော်ပြထားသည်။

ကန့်ဘလူ၊ ကျွန်းလှ၊ တန့်ဆည် ၊ကောလင်း ကို နယ်မြေစိုးမိုးစေရန် အကြမ်းဖက်သမားတွေ ငွေရနေတဲ့ နေရာတွေကို ရှင်းလင်းဖို အကြိမ်ပေါင်းများစွာ ရေးသားဖော်ပြခဲ့ကြောင်း၊ ကျွန်းလှအနောက်ဖက် အင်တိုင်း ရွာမှ စ၍ ရေနံမှော်အထိ၊ ရေနံမှော်မှ တောင်ဘက် တန့်ဆည်နယ် ကံထူးမ၊တောချဉ် အထိ၊ သဖန်းဆိပ်ဆည် နှင့် ကောလင်း ပင်လည်ဘူးအစပ်ထိ PDF အကြမ်းဖက်သမားများ၏ နယ်မြေဖြစ်နေသေးကြောင်း ဖော်ထုတ်ရေးသား တင်ပြထားခြင်း ဖြစ်သည်။

ကျွန်းလှမီးအိမ်ရှင်က "ဒါက အမှန်တရားဖြစ်ပါတယ်။ ပြည်သူတွေက အေးချမ်းစွာနေလိုကြပါပြီ။ စစ်ဆင်ရေး ဝင်စေချင်ပါပြီ။ လာပြောတဲ့သူ များနေပါပြီ။ PDF နယ်မြေကို မန္တလေး မှ ကုန်ကားများ တိုက်ရိုက်ဝင်ထွက်သွားလာနေပါတယ်။ PDF နယ်မြေမှာ NUG လက်အောက်ခံ စာသင်ကျောင်းများ ဖွင့်လှစ်လျှက်ရှိပါတယ်။ PDF နယ်မြေမှာ သဖန်းဆိပ်ဆည်ကပေးသော လျှပ်စစ်မီးဟာ ၂၄နာရီ မပျက်ပဲ ထိန်ထိန်လင်းနေပါတယ်။" ဟု ရေးသားဖော်ပြထားသည်။

KIA, PDF အကြမ်းဖက်အဖွဲ့များသည် သဖန်းဆိပ်ဆည်အတွင်း တရားမဝင် ရွှေမျောများမှ ဆက်ကြေးတောင်းခံနေမှုအပေါ် မီဒီယာများက ဖော်ပြခဲ့ပြီးနောက် တစ်ကြိမ်ရှင်းလင်းခဲ့သော်လည်း အားလုံးကို ရှင်းလင်းဆောင်ရွက်နိုင်ခြင်းမရှိခဲ့ပေ။ အလားတူ KIA, PDF အကြမ်းဖက်သမားများသည် ရေနံမှော်များမှ ဆက်ကြေးတောင်းခံ ရယူပြီး လုပ်ဆောင်နေသည်ကိုလည်း ရှင်းလင်းခြင်း မရှိပေ။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)