"ဗမာ့ရိုးရာကျေးလက်သင်္ကြန်ပွဲတော်" ကျင်းပသွားမည်ဟုဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

"ဗမာ့ရိုးရာကျေးလက်သင်္ကြန်ပွဲတော်" ကျင်းပသွားမည်ဟုဆို



ရန်ကုန်၊ ဧပြီ ၂

ဗမာလူမျိုး စာပေနှင့်ယဉ်ကျေးမှုအသင်း(ယာယီ) မှ ၁၃၈၅-၈၆ ခုနှစ် မဟာသင်္ကြန်ပွဲတော်ရက်အတွင်း ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြိုနယ်၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ ဗမာအိမ် တွင် "ဗမာ့ရိုးရာကျေးလက်သင်္ကြန်ပွဲတော်" ကို ရိုးရာယဉ်ကျေးမှုများနှင့်အညီ ထူးခြားသော အစီအစဉ်ကောင်းများစွာဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ကြေညာထားသည်။

ဗမာ့ယဉ်ကျေးမှု ထုံးတမ်းအစဉ်အလာကို ချစ်မြတ်နိုးကြကုန်သော ညီအကိုမောင်နှမ၊ မိတ်ဆွေများအနေဖြင့် ဗမာလူမျိုးတို့၏ ရိုးရာသင်္ကြန်ပွဲတော်တွင် စည်းလုံးစွာ ပါဝင်နိုင်ကြစေရန် ဖိတ်ကြားထားသည်။

ပွဲတော်အတွင်း ကျင်းပမည့်အစီအစဉ်များကို အသေးစိတ်ထပ်မံကြေညာပေးမည်ဖြစ်ကြောင်း၊ ရိုးရာယဉ်ကျေးမှုနှင့်ကိုက်ညီမည့် အစီအစဉ်များကိုလည်း အကြံပေးနိုင်ကြောင်း၊ ဗမာ့လူမျိုးတွေရဲ့ စုစည်းညီညွတ်စွာ ဆောင်ရွက်နိုင်မှုကို ပြသဖို့အတွက် ပူးပေါင်းဆောင်ရွက်နိုင်ရန် အသိပေး ကြေညာထားသည်ကို တွေ့မြင်ရသည်။

ဗမာလူမျိုး စာပေနှင့်ယဉ်ကျေးမှုအသင်း ဖြစ်မြောက်ရေးအတွက် ဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိပြီး ပထမအကြိမ်တွေ့ဆုံဆွေးနွေး ညှိနှိုင်းပွဲကို ၂၇-၃-၂၀၂၄ ရက်နေ့က ရန်ကုန်မြို့တွင် ဆောင်ရွက်ခဲ့ကြသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)