ခန္တီး၊ ဧပြီ ၂
ခန္တီးမြို့နယ် လောင်ငေါက်ကျေးရွာအဝင် ဆုံဆည်းရာ စားသောက်ဆိုင်အနီးတွင် ဧပြီလ ၂ ရက် ညနေ ၄ နာရီခွဲခန့်တွင် NSCN(K)ခွဲထွက် ENNO/ENDA အဖွဲ့မှ ဒုခေါင်းဆောင်အဆင့်ရှိ ရှန်းခန်းအောင်(ခ)ရှန်းမောင် ဦးစီး ၂ ဦးသည် ပြည်သူများသွားလာနေသောလမ်းပေါ်ရှိ မော်တော်ယာဉ်များထံမှ ဆက်ကြေးကောက်ခံနေကြောင်း သတင်းရရှိသဖြင့် လုံခြုံရေးအဖွဲများမှ သွားရောက်ရှင်းလင်းတိုက် ခိုက်ခဲ့ရာ NSCN(K)ခွဲထွက် ENNO/ENDA အဖွဲမှအကြမ်းဖက် ၁ လောင်း ရရှိခဲ့ကြောင်း သိရသည်။
အကြမ်းဖက်သမားများထံမှ အမ်အေ-၅ ပစ္စတို ၁ လက်၊ ကျည်အိမ် ၁ ခု၊ ၉မမ ကျည် ၄ တောင့်၊ နိုင်ငံသားစိစစ်ရေးကတ် ၁ ခု၊ ငွေ ၇၀၀၀၀ ကျပ်တို့အား သိမ်းဆည်းရမိကြောင်း သိရသည်။
#News

No comments:
Post a Comment