ဗမာလူမျိုး စာပေနှင့် ယဉ်ကျေးမှုအသင်း က ဗမာ့ရိုးရာ ကျေးလက်အတာသင်္ကြန်ပွဲတော် ကျင်းပမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗမာလူမျိုး စာပေနှင့် ယဉ်ကျေးမှုအသင်း က ဗမာ့ရိုးရာ ကျေးလက်အတာသင်္ကြန်ပွဲတော် ကျင်းပမည်





ရန်ကုန်၊ ဧပြီ ၆

ဗမာလူမျိုး စာပေနှင့် ယဉ်ကျေးမှုအသင်းက ယခုနှစ် သင်္ကြန်တွင် ဗမာ့ရိုးရာ ကျေးလက်အတာသင်္ကြန်ပွဲတော် ကို ရန်ကုန်မြို့၊ သာကေတမြို့နယ်ရှိ တိုင်းရင်းသားကျေးရွာ၊ ဗမာအိမ်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အသင်းဥက္ကဋ္ဌ ဦးထိန်လင်း ၏ ထုတ်ပြန်ရေးသားချက်တွင် "ဗမာ့ရိုးရာ ကျေးလက်အတာသင်္ကြန်ပွဲတော်၏ အနှစ်သာရကို ခံစားခွင့်ရရှိစေဖို့ အတူတူ ပျော်ရွှင်စွာဆုံစည်းကြပါစို့" ဗမာလူမျိုး စာပေနှင့်ယဉ်ကျေးမှု အသင်း မှ စီစဉ်ကျင်းပသော ဗမာ့ရိုးရာ အတာသင်္ကြန်ပွဲတော်အစီစဉ်ကို အကြို၊ အကျ၊ အကြတ်၊ အတက် (၄) ရက် ဆင်နွှဲပါမည်။  ဗမာအိမ် ၊ တိုင်းရင်းသားကျေးရွာ၊ သာကေတမြို့နယ်တွင် နံနက် (၉)နာရီမှ ညနေ (၅) နာရီ  {နေ့စဉ်} ကျင်းပသွားမည်ဖြစ်ပြီး နံနက် (၉:၃၀) နာရီမှ နေ့လည် (၁၂:၀၀)နာရီ {နေ့စဉ်} နေ့လည် (၃:၀၀) နာရီမှ ညနေ (၅:၀၀)နာရီ {နေ့စဉ်} ရေကစားနိုင်ရန် စီစဉ်ထားကြောင်း၊ တစ်ဦးလျှင် တစ်ရက်စာ  လက်မှတ် တစ်စောင် (၁၀,၀၀၀/ကျပ်) ဖြင့် အလိုရှိသော နေ့အလိုက် ဝယ်ယူအားပေးနိုင်ကြောင်း သိရသည်။

ပါဝင်ဆင်နွှဲကြသူများကို (၁) ဗမာဖက်ထမင်း၊ (၂) သောက်ရေသန့်၊ (၃) ဗမာမုန့်ပဲသွားရည်စာများဖြင့် ဧည့်ခံပေးသွားမည်ဖြစ်ပြီး  ဗမာ့ရိုးရာအတိုင်းရေကစားခြင်း၊  မုန့်လုံးရေပေါ် အတူတကွ ပြုလုပ်သုံးဆောင်ခြင်း၊ ဗမာ့ရိုးရာသောက်ရေအိုးဓလေ့များ ဖော်ထုတ်ခြင်း၊  ဗမာ့ရိုးရာသနပ်ခါးများ လိမ်းခြယ်ခြင်း၊ ဗမာ့ရိုးရာလှည်းယာဉ် နှင့်ဓါတ်ပုံရိုက်နိုင်ခြင်း၊ ဗမာ့ရိုးရာဝတ်စုံနှင့် ဓာတ်ပုံရိုက်နိုင်အောင် ဆောင်ရွက်ပေးထားမည်ဖြစ်ကြောင်း အသိပေးထားသည်။

ဦးထိန်လင်း က " ယနေ့ ခေတ်မြို့ပြမှာ ရှင်သန်ကြီးပြင်းကြရတဲ့ လူငယ်လူရွယ်တွေ မြင်တွေ့ရဖို့ ခဲယဉ်းသော ဗမာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ရဲ့ အနှစ်သာရကို သိရှိစေဖို့ လာရောက်လည်ပါတ် လေ့လာနိုင်ဖို့ ဖိတ်ခေါ်ပါတယ်။" ဟု ပြောဆိုထားသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)