မြန်မာနိုင်ငံစာရင်းကောင်စီဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့်ဥပဒေ(မူကြမ်း) ပြဋ္ဌာန်းနိုင်ရေးနှင့် စပ်လျဉ်း၍ အပြီးသတ်ညှိနှိုင်းအစည်းအဝေး ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မြန်မာနိုင်ငံစာရင်းကောင်စီဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့်ဥပဒေ(မူကြမ်း) ပြဋ္ဌာန်းနိုင်ရေးနှင့် စပ်လျဉ်း၍ အပြီးသတ်ညှိနှိုင်းအစည်းအဝေး ကျင်းပ



နေပြည်တော် ဧပြီ ၆

မြန်မာနိုင်ငံစာရင်းကောင်စီဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေ (မူကြမ်း) ပြဋ္ဌာန်းနိုင်ရေး အတွက် အပြီးသတ်ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က ဥပဒေရေးရာဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပသည်။


အစည်းအဝေးသို့ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး၊ ဒုတိယစာရင်းစစ်ချုပ်ဒေါ်နိုင်သက်ဦး၊ ဥပဒေမူကြမ်းစိစစ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာစန်းနှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နည်းပညာဖွံ့ဖြိုးရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်သန္တာလေးနှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။


အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က အဖွင့်အမှာစကား ပြောကြားပြီး ဒုတိယစာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဦးက မြန်မာနိုင်ငံစာရင်းကောင်စီဥပ‌ဒေကို ဒုတိယ အကြိမ်ပြင်ဆင်ရသည့်အကြောင်းရင်းကို ရှင်းလင်းဆွေးနွေးသည်။


ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် တာဝန်ရှိသူများက မြန်မာနိုင်ငံစာရင်း ကောင်စီဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေတွင် ပါဝင်သောအကြောင်းအရာများကို ပုဒ်မ အလိုက် တင်ပြဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က မြန်မာနိုင်ငံစာရင်းကောင်စီဥပဒေအား လက်ရှိအခြေအနေများနှင့် လိုက်လျောညီထွေမှုရှိစေရေး အတွက် မြန်မာနိုင်ငံစာရင်းကောင်စီဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေကို ပြဋ္ဌာန်းရန်လိုအပ်ကြောင်း သုံးသပ်တွေ့ရှိရသဖြင့် အဆိုပါဥပဒေ (မူကြမ်း) ကို ပြဋ္ဌာန်းနိုင်ရေး အပြီးသတ်ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)