ရွှေတောင် ၊ ဧပြီ ၂၃
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ်အတွင်း ဧပြီလ ၂၂ ရက်နေ့ ညနေ ၅း၁၀ နာရီ အချိန်ခန့်ကရုတ်တရက် လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းမှုကြောင့် ဒုရင်ဒုဘိုကျေးရွာအုပ်စု၊ မြို့မကျေးရွာအုပ်စု ၊ နွားမယံကျေးရွာအုပ်စု၊ ဇယ်မကျေးရွာအုပ်စုနှင့် ထန်းကုန်းကျေးရွာအုပ်စုတို့တွင် လူနေအိမ်( ၅) လုံးပြိုကျခဲ့ပြီး ၊လူနေအိမ်( ၂၈) လုံးအမိုးလန်ပျက်စီးခဲ့ကြောင်းသိရသည်။
ထိုသို့ ရုတ်တရက် လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းမှုကြောင့် ဒုရင်ဒုဘိုကျေးရွာအုပ်စုရှိ ကျေးရွာ (၄) ရွာတွင် လူနေအိမ် ( ၃)လုံး ပြိုကျပြီး လူနေအိမ် (၁၁) လုံးအမိုးလန်၊ မြို့မကျေးရွာအုပ်စုအတွင်းရှိ ဆင်ရှင်ကျေးရွာတွင်လူနေအိမ် (၂) လုံး အမိုးလန်၊ နွားမယံကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ (၃)ရွာတွင်လူနေအိမ် ( ၈) လုံး အမိုးလန်၊ထန်းကုန်းကျေးရွာအုပ်စု၊ထန်းကုန်းကျေးရွာ၊ရွာသစ်ကုန်းကျေးရွာနှင့် ဝါးတောသာကျးရွာတို့တွင် လူနေအိမ် ( ၂) လုံး ပြိုကျပြီး လူနေအိမ် ( ၇) လုံးအမိုးလန်ပျက်စီးခဲ့ပြီး စုစုပေါင်း ဆုံးရှုံးမှုခန့်မှန်းတန်ဖိုး ၃၇၆၁၀၀၀ိ/- ကျပ်ဆုံးရှုံးခဲ့သည်။
အဆိုပါ လေဘေးသင့်၍ ပြိုကျ/ အမိုးလန်ခဲ့ သည့် လူနေအိမ်များရှိ အိမ်ထောင်စုများအားယာယီနေထိုင်နိုင်ရေး၊ အမြန်ဆုံးပြုပြင်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၊ဥက္ကဌ ဦးဟံဝင်း
အောင်၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ရုံးမှ လိုအပ်သည်များ ဆောင်ရွက်ပေးလျှက်ရှိပြီး လေပြင်းတိုက်ခတ်မှုကြောင့်လူနှင့်တိရစ္ဆာန်များ တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရရှိမှုမရှိကြောင်းသိရသည်။
ကိုကိုမင်း
https://t.me/MyanmarNationalPost



No comments:
Post a Comment