သင်္ဃန်းကျွန်းခရိုင် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့အလုပ်အမှုဆောင်ခန့်အပ်လွှာ ပေးအပ်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သင်္ဃန်းကျွန်းခရိုင် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့အလုပ်အမှုဆောင်ခန့်အပ်လွှာ ပေးအပ်ပွဲအခမ်းအနားကျင်းပ




တာမွေ  ၊   ဧပြီ    ၂၀

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (သင်္ဃန်းကျွန်းခရိုင်) ၏ အလုပ်အမှုဆောင် ခန့်အပ်လွှာပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ(၂)နာရီအချိန်က ရန်ကုန်မြို့ ဗိုလ်တထောင် မြို့နယ် ကမ်းနားလမ်းရှိ  အမှတ်(၃၇၄) ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)ရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို) ဥက္ကဋ္ဌ ဦးဝဏ္ဏမှ အဖွင့်အမှာစကား ပြော ကြားခဲ့ပြီး ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ရန်ကုန်တိုင်းဒေသကြီး) ဥက္ကဋ္ဌ ဦးထွန်းထွန်းဦးမှ အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)/ တိုင်းဒေသကြီး/  ခရိုင်တို့မှ သက် ဆိုင်ရာတာဝန်ရှိသူများက ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (သင်္ဃန်းကျွန်းခရိုင်)မှ ဥက္ကဋ္ဌ ဦးကျော်စည်သူနှင့် အလုပ်အမှုဆောင်များအား ခန့်အပ်လွှာများ အသီးသီးပေးအပ်ခဲ့သည်။ ထို့နောက် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေး အဖွဲ့ (သင်္ဃန်းကျွန်းခရိုင်) ဥက္ကဋ္ဌ ဦးကျော်စည်သူမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို) ဥက္ကဋ္ဌ ဦးဝဏ္ဏမှ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

အခမ်းအနားသို့ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)/ တိုင်းဒေသကြီး/ ခရိုင် ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပြီး သင်္ဃန်းကျွန်းခရိုင်အတွင်း ဘာသာပေါင်းစုံမှ ဘာသာ ဝင်အချင်းချင်း တစ်ဦး၏ သဘောတရား၊ ယုံကြည်ချက်နှင့် ခံယူချက်များကို အပြန်အလှန် လေးစားလျက် အတူတကွ အေးချမ်းစွာ နေထိုင်သွားကြရန်၊ မြို့နယ်အတွင်း၌ ဘာသာရေးပဋိပက္ခများ (သို့) အခြားသဘာဝဘေးအန္တရာယ်များ မဖြစ်ပေါ်စေရေးအတွက် ကြိုတင်ကာကွယ်ရေးနှင့် ဖြစ်ပေါ်လာသော သဘာဝဘေးဒဏ်များအပေါ် ကူညီစောင့် ရှောက်ရေး၊ ဘာသာရေးနှင့် လူမှုရေးပဋိပက္ခများကြောင့် ဒုက္ခရောက်နေသူများကို ကူညီစောင့်ရှောက်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ကြရန် စသည့်ရည်ရွယ်ချက်ကောင်းများဖြင့် တည်ထောင်ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း သတင်းရရှိပါသည်။


နိုင်လင်းအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)