မော်လမြိုင်၊ ဧပြီ ၁၂
မော်လမြိုင် - ရန်ကုန် ရိုးရိုးရထားနှင့် သင်္ကြန်အစုန်အထူးလေအိတ်ရထားခရီးစဉ်များ ယနေ့ ဧပြီ (၁၂) ရက် နံနက်ပိုင်းတွင် ပြန်လည်ပြေးဆွဲပေးလျက်ရှိကြောင်း မော်လမြိုင်ဘူတာကြီးက အသိပေးကြေညာထားသည်။
ယနေ့တွင် အမှတ် (၈၂)အစုန် မော်လမြိုင် - ရန်ကုန် ရိုးရိုးရထားသည် မော်လမြိုင်ဘူတာမှ နံနက်(၈)နာရီခွဲ အချိန်ထွက်ခွာခဲ့ပြီး ရန်ကုန်ဘူတာကြီးသို ညနေ(၅)နာရီ (၄၅)မိနစ်အချိန်တွင် ဆိုက်ရောက်မည်ဖြစ်ပြီး၊ အဆိုပါ ခရီးစဉ်တွင် မော်လမြိုင်ဘူတာမှ ခရီးသည် စုစုပေါင်းဦးရေ (၁၇၀)ဦးလိုက် ပါ စီးနင်းခဲ့ကြောင်း သိရပါတယ်။
မော်လမြိုင် - ရန်ကုန် ရထားလမ်းတွင် KNU, PDF အကြမ်းဖက်အဖွဲ့များက ခရီးသွားပြည်သူများအခက်တွေ့စေရန် ဖောက်ခွဲဖျက်ဆီးမှုများ လုပ်ဆောင်လျက်ရှိသော်လည်း တာဝန်ရှိသူများအနေဖြင့် အချိန်နှင့်တပြေးညီ ပြင်ဆင်ဆောင်ရွက်ပြီး ခရီးသွား ပြည်သူများအတွက် အဆင်ပြေအောင် ဆောင်ရွက်ပေးနေလျက်ရှိသည်။
#News

No comments:
Post a Comment