ရုရှား-မြန်မာ ပူးတွဲအကြမ်းဖက်မှုတိုက်ဖျက်ရေးကော်မတီအစည်းအဝေး၊ အစည်းအဝေးမှတ်တမ်း လက်မှတ်ရေးထိုးပွဲ ပြုလုပ်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရုရှား-မြန်မာ ပူးတွဲအကြမ်းဖက်မှုတိုက်ဖျက်ရေးကော်မတီအစည်းအဝေး၊ အစည်းအဝေးမှတ်တမ်း လက်မှတ်ရေးထိုးပွဲ ပြုလုပ်ကျင်းပ





မော်စကို ၊ ဧပြီ ၁၂

ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Colonel General Alexander V.Fomin အား ဂါရဝပြုတွေ့ဆုံ၊ ဒုတိယအကြိမ် ရုရှား-မြန်မာ ပူးတွဲအကြမ်းဖက်မှုတိုက်ဖျက်ရေးကော်မတီအစည်းအဝေး၊ အစည်းအဝေးမှတ်တမ်း လက်မှတ်ရေးထိုးပွဲ ပြုလုပ်ကျင်းပ ပြုလုပ်ခဲ့ကြသည်။


ဒုတိယအကြိမ် ရုရှား- မြန်မာ ပူးတွဲအကြမ်းဖက်မှုတိုက်ဖျက်ရေးကော်မတီ အစည်းအဝေးသို့ တက်ရောက်ရန်အတွက် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ရောက်ရှိနေသော ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်း ဦးဆောင်သော မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရုရှားကာကွယ်ရေး ဝန်ကြီးဌာန အမျိုးသားကာကွယ်ရေးစီမံခန့်ခွဲမှုဗဟိုဌာန (National Defence Management Center-NDMC) သို့ သွားရောက်လေ့လာခဲ့ကြသည်။


ဦးစွာ အမျိုးသားကာကွယ်ရေးစီမံခန့်ခွဲမှုဗဟိုဌာန ဒုတိယအကြီးအကဲ Lieutenant General Yuri KORSACHEV က နွေးထွေးလှိုက်လှဲစွာ ကြိုဆိုခဲ့ပြီး အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကူးကာ NDMC ၏ လုပ်ငန်းဆောင်ရွက်နေမှုများအား အသေးစိတ်လိုက်လံရှင်းလင်းပြသသည်။


ယင်းနောက် ရုရှားကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမသို့ သွားရောက်ကာ ဒုတိယအကြိမ် ရုရှား- မြန်မာ ပူးတွဲအကြမ်းဖက်မှုတိုက်ဖျက်ရေးကော်မတီအစည်းအဝေး အောင်မြင်စွာကျင်းပပြီးစီးသည့် အထိမ်းအမှတ်အဖြစ် အစည်းအဝေးမှတ်တမ်းအား ပူးတွဲဥက္ကဋ္ဌများဖြစ်ကြသော ရုရှားတပ်မတော်ဒုတိယကြည်းတပ်ဦးစီးချုပ် Lieutenant General Matovnikov Alexander Anatolyevich နှင့် ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်း တို့က သဘောတူလက်မှတ်ရေးထိုးခဲ့ကြပြီး အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ခဲ့ကြသည်။


ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ရုရှားကာကွယ်ရေးဝန်ကြီးဌာန၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Colonel General Alexander V.Fomin အား ဂါရဝပြု တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား စစ်ဘက်နည်းပညာပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာရေးအပါအဝင် လုံခြုံရေးနှင့် လေ့ကျင့်ရေးဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးခဲ့ကြပြီး Colonel General Alexander V.Fomin မှ မြန်မာနိုင်ငံ၏ နှစ်သစ်ကူးသင်္ကြန်အခါသမယ ဆုမွန်ကောင်း တောင်းစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)