ရွှေတောင် ဧပြီ ၁
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ်တွင် ရွှေတောင်မြို့နယ်မီးသတ်ဦးစီးမှူးရုံး/စခန်း ရှိ တပ်ဖွဲ့ဝင်များ၊ ရပ်ကွက် မီးသတ်စခန်း ရှိ တပ်ဖွဲ့ဝင်များမှ ယမန်နေ့ ညနေပိုင်းကမီးဘေးလုံခြုံရေးများအတွက် ရပ်ကွက် (၃ ) ရပ်ကွက်အတွင်း လှည့်လည်အသိ ပေးနှိုးဆော်ခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ပူပြင်းခြောက်သွေ့သော နွေရာသီသို့ရောက်ရှိလာ၍ မြို့နယ်အတွင်းမီးလောင်မှု/မီးလန့်မှုများ မဖြစ်ပွားစေရေးအတွက်ရွှေတောင်မြို့နယ်မီးသတ်ဦးစီးမှူးရုံး/စခန်း ရှိ တပ်ဖွဲ့ဝင်များ၊ ရပ်ကွက် မီးသတ်စခန်း ရှိ တပ်ဖွဲ့ဝင်များမှ ရပ်ကွက်/ ကျေးရွာအုပ်စုများအလိုက်မီးဘေးအသိ/သတိရှိစေရန်နှင့် မီးဘေးလုံခြုံရေးများအတွက် အိမ်တိုင်းအိမ်တိုင်းတွင် မီးချိတ်၊မီးကပ်နှင့်သဲ၊ရေတို့ပြည့်စုံစွာထားရှိရန်၊ မီးသုံးစွဲရာတွင် မြေကျင်းတူး၍ မီးမလောင်နိုင်သော အကာအရံဖြင့် ချက်ပြုတ် ပြီး သုံးစွဲပြီးလျှင် မီးကြွင်းမီးကျန်မရှိစေရန် စနစ်တကျ ငြိမ်းသတ်ဖုံးအုပ်ထားရှိရန်၊ မီးဖိုအနီး မီးလောင်လွယ်သော ပစ္စည်းများနှင့် လောင်စာဆီများထားသိုခြင်းမပြုရန် ၊သက်ကြီးရွယ်အိုများနှင့်ကလေးသူငယ်များအားထမင်း/ ဟင်းချက်ခိုင်းခြင်းမပြုလုပ်စေရန်၊ ဟောင်းနွမ်းနေသော လျှပ်စစ်ဝါယာကြိုး၊ ပျက်စီးချို့ယွင်းနေသော မီးခေါင်းမီးခလုတ်များ အသုံးမပြုရန်၊ စက်ရုံ၊အလုပ်ရုံများနှင့်စားသောက်ဆိုင်များတွင် မီးဘေးကာကွယ်ရေးပစ္စည်းများ ပြည့်စုံစွာထားရှိရန်စသည့်အချက်များအပါအဝင် မီးဘေးလုံခြုံရေး အချက်များအား လှည့်လည် အသိပေး နှိုးဆော်ခြင်းများ ပြုလုပ်ခဲ့ကြကြောင်းရွှေတောင်မြို့နယ်မီးသတ်ဦးစီးမှူးရုံးမှသိရသည်။
ကိုကိုမင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment