ပေါင်းတည်မြို့ ဘုရားကြီးလမ်း ညစျေးတန်း၌ စျေးရောင်းစျေးဝယ်များဖြင့်စည်ကား - Myanmar National Post

Myanmar National Post

News Agency

Breaking

ပေါင်းတည်မြို့ ဘုရားကြီးလမ်း ညစျေးတန်း၌ စျေးရောင်းစျေးဝယ်များဖြင့်စည်ကား




ပေါင်းတည်  ဧပြီ  ၁


ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ဖွင့်လှစ်ထားသော စျေးရပ်ကွက်ရှိ ဘုရားကြီးလမ်း ညစျေးတန်းတွင် စျေးရောင်းစျေးဝယ် ပြည်သူများဖြင့် ​နေ့စဉ်စည်ကားလျက်ရှိသည်။


အဆိုပါ ညစျေးတန်းတွင် ပန်းမျိုးစုံ၊ မြန်မာ့ရိုးရာအစားအစာများ၊ ဒေသထွက် ဟင်းသီးဟင်းရွက်များနှင့် သစ်သီးများ၊ လူမျိုးမရွေး၊ ဘာသာမရွေးစားသုံးနိုင်သော ထမင်းဟင်းလျာများ၊ သားငါးနှင့် ကြက်ဥ၊ ဘဲဥများ၊ မုန့်ပဲသရေစာများ၊ အအေးမျိုးစုံ၊ အမှတ်တရ လက်ဆောင်ပစ္စည်းများ၊ အသုပ်ဆိုင်များနှင့် အဝတ်အထည်ဆိုင်များဖြင့် စုံလင်စွာခင်းကျင်းရောင်းချလျက်ရှိရာ ညနေခင်းနှင့် ညဦးပိုင်းများတွင် စျေးဝယ်သူ ပြည်သူများဖြင့် အထူးစည်ကားလျက်ရှိရာ ဝယ်သူရောင်းသူများ အနေဖြင့် အဆင်ပြေလျက်ရှိကြောင်း သိရသည်။


ယင်းသို့ ပြည်သူများ အဆင်ပြေချောမွေ့စွာ ရောင်းဝယ်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့က အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ကြ ပြီး ညနေခင်းနှင့် ညချမ်းအခါများတွင် ပြည်သူများ အေးချမ်းစွာ အပန်းဖြေနိုင်ရန်၊ အလွယ်တကူ ဝယ်ယူစားသောက်နိုင်ရေးနှင့် စျေးရောင်းသူများ အဆင်ပြေစေရေးတို့အတွက် စည်းကမ်းတကျ  စီမံဆောင်ရွက်ပေးခဲ့ခြင်းဖြစ်​ကြောင်း သိရသည်။


သူရကြီး 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)