အိမ်မဲ ဧပြီ ၉
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမတွင် သမဝါယမနှင့်ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်အတွက် မြို့နယ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် မြစိမ်းရောင်ကျေးရွာ စီမံကိန်း၊ ဆိုလာစနစ်သုံးစိုက်ပျိုးရေရရှိရေးလုပ်ငန်း၊ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများဆိုင်ရာ မြို့နယ်အဆင့်သုံးသပ်ဆွေးနွေးပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်တွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် အိမ်မဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ကိုကိုဦးနှင့် မြောင်းမြ ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်အေးအေးကြူတို့က စီမံကိန်းနှင့် လုပ်ငန်းများ အတွက် အမှာစကားများကို အသီးသီးအကျယ်တဝင့်ပြောကြားခဲ့သည်။ ထို့နောက် အိမ်မဲမြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစတင်မျိုးလွင်က သုံးသပ်ဆွေးနွေးပွဲပြုလုပ်ရခြင်းနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်အတွက် မြို့နယ်အတွင်းအကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည့် မြစိမ်းရောင်းကျေးရွာစီမံကိန်း၊ ဆိုလာစနစ်သုံးစိုက်ပျိုးရေရရှိရေးလုပ်ငန်း၊ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများဆိုင်ရာ ကျေးရွာကော်မတီဝင်များက လုပ်ငန်းများအလိုက် အုပ်စုဖွဲ့၍ ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ချစ်သက်လယ်
https://t.me/MyanmarNationalPost
No comments:
Post a Comment