ဖျာပုံခရိုင်၏ ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ရေးစီမံကိန်းတာဝန်ပေးအပ်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဖျာပုံခရိုင်၏ ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ရေးစီမံကိန်းတာဝန်ပေးအပ်ပွဲအခမ်းအနားကျင်းပ


ဖျာပုံ ဧပြီ ၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်(၄) မြို့နယ်အတွင်း ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်(ဧပြီလမှ မတ်လအထိ)အကောင်အထည်ဖော်ဆောင်ရွက်ရမည့် ဒေသန္တရ စီမံကိန်း တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နေ့လယ်က ဖျာပုံခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းတာဝန်အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ရေး စီမံကိန်းတာဝန်ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ဖျာပုံ​​ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်လင်းက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်ဒေသန္တရစီမံကိန်း ရည်မှန်းချက်အပေါ် (ဧပြီလမှမတ်လ) ဒေသန္တရစီမံကိန်း ဥပဒေတွင် ပါဝင်သည့်စုစုပေါင်း ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GDP)နှင့် ငွေလုံးငွေရင်းအသုံးစရိတ်အဖြစ် ဆောင်ရွက် မည့် လုပ်ငန်းစီမံကိန်းများ၊ လုပ်ငန်းများကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် အမျိုးသားရေး မျော်မှန်းချက် ဖြစ်တဲ့တိုင်းပြည်သာယာ ဝပြောရေး၊ စားရိက္ခာဖူလုံရေးတို့အတွက် တစ်ဖက်တစ်လမ်းမှ ဆောင်ရွက်ရင်း မိမိခရိုင်လူမှု စီးပွားဘဝဖွံ့ဖြိုးတိုးတက်မှာဖြစ်ကြောင်း၊ ခရိုင်အတွင်း စပါးအထွက်နှုန်းတိုးတက်ပြီး ဆီဖူလုံမှု ရှိစေရေးအတွက် ကြိုးပမ်းဆောင်ရွက်စေလိုကြောင်း၊ မွေးမြူ​ရေးနှင့် ကုန်ထုတ်လုပ်မှုကဏ္ဍ တွင် တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးဝိုင်းဝန်းကူညီကြစေလိုကြောင်း၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ဝိုင်းဝန်းဆောင်ရွက်ကြစေလိုကြောင်း၊ တိုင်းဒေသကြီးရဲ့ ရည်မှန်းချက် (Driving Plan)ပါ ပေးထားချက်များ ရရှိရေးကိုလည်း အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း ဆွေးနွေးပြောကြားသည်။ ထို့နောက် ဖျာပုံခရိုင်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းဝင် ဌာနဆိုင်ရာများအား ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းဝင် (၄)မြို့နယ်မှ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများအား စီမံကိန်းတာဝန်များ သီးသီးပေးအပ်ခဲ့ကြကြောင်း သိရသည်။


အောင်ဝင်းနိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)