မြို့သစ်မြို့၊မြို့မဈေးကြီးအတွင်း အသားဆိုင်များတွင် သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချခြင်း ရှိ/မရှိကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြို့သစ်မြို့၊မြို့မဈေးကြီးအတွင်း အသားဆိုင်များတွင် သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချခြင်း ရှိ/မရှိကွင်းဆင်းစစ်ဆေး



မြို့သစ် ၊  ဧပြီ  ၂၅

မကွေးတိုင်းဒေသကြီး၊မကွေးခရိုင်၊မြို့သစ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် စားသုံးသူ ပြည် သူများဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေး အတွက်မြို့မဈေးကြီးအတွင်း (အမဲသား၊ ဝက်သား၊ ဆိတ်သား)အသားများအားသတ်မှတ်ဈေးနှုန်းအတိုင်းရောင်းချခြင်းရှိ/မရှိကို ယမန်နေ့ နံ နက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

အဆိုပါကွင်းဆင်းစစ်ဆေးခဲ့ရာသို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ ဈေးတာဝန်ခံနှင့်အဖွဲ့ဝင်များမှ ကြည့်ရှုခဲ့ပြီး မြို့မဈေးအတွင်းရှိ အသားဆိုင်များ၌ လက်ရှိမြေ ပြင်တွင် ရောင်းချလျက်ရှိသော (အမဲသား၊ဝက်သား၊ ဆိတ်သား) အသားများ၏ ဈေးနှုန်းများကို ဆိတ်သား တစ်ပိဿာ-၁၆၀၀၀/ကျပ် ၊အမဲသားတစ်ပိဿာ( ၁၃၀၀၀) ကျပ် ၊ ဝက်သားတစ်ပိဿာ (၁၂၀၀၀) ကျပ်စျေးဖြင့်ရောင်း ချရန်အသားအရောင်းဆိုင်များတွင် ဗီနိုင်းဆိုင်းဘုတ်များ ချိတ် ဆွဲ၍ သတ်မှတ်ဈေးနှုန်းအတိုင်းရောင်းချခြင်း ရှိ/မရှိစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။


သန်းဝင်းထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)