လောက်ကိုင်မြို့တွင် MNDAA အကြမ်းဖက်အဖွဲ့က ပြစ်ဒဏ်ကျခံနေရသူများကို လူမြင်ကွင်းထုတ်၍ သေဒဏ်စီရင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လောက်ကိုင်မြို့တွင် MNDAA အကြမ်းဖက်အဖွဲ့က ပြစ်ဒဏ်ကျခံနေရသူများကို လူမြင်ကွင်းထုတ်၍ သေဒဏ်စီရင်






လောက်ကိုင်၊ ဧပြီ ၂၅

MNDAA အကြမ်းဖက်အဖွဲ့က လူသတ်မှု၊ ပြန်ပေးဆွဲမှု၊ ငွေညှစ်မှုအပါအဝင် ပြစ်မှုအမျိုးမျိုးဖြင့် ပြစ်ဒဏ်ချမှတ်ပြီး ၎င်းတို့အနက်သုံးဦးကို ယမန်နေ့က လူမြင်ကွင်းတွင် သေဒဏ်စီရင်ခဲ့ကြောင်း သိရသည်။ 

အမျိုးသား ၁၀ ဦးအား ပြစ်ဒဏ်အမိန့်ချမှတ်ခြင်းကို လောက်ကိုင်မြို့တွင် အများပြည်သူများရှေ့၌ပင် အခမ်းအနားဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပြစ်ဒဏ်ချမှတ်ခံသူများသည် ကိုးကန့်တပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ ပါဝင်ကြောင်း၊ လူသတ်မှု၊ အာဏာအလွဲသုံးစားလုပ်မှု၊ ပြန်ပေးဆွဲမှု၊ ငွေညှစ်မှု၊ လက်နက်ခဲယမ်းခိုးယူမှု၊ ခဲယမ်းရောင်းချခြင်းစသည့်ပြစ်မှုများ ကျူးလွန်ခြင်းဖြစ်ကြောင့် ယခုကဲ့သို့ပြစ်ဒဏ်စီရင်ခြင်းဖြစ်ကြောင်း သိရသည်။  

အများပြည်သူရှေ့တွင် ပြစ်ဒဏ်စီရင်မှုအပြီး သေဒဏ်ချမှတ်ခံရသူသုံးဦးကို သေဒဏ်စီရင်သည့်ကွင်းသို့ပို့ဆောင် ကွပ်မျက်ခဲ့ကြောင်းနှင့် ကျန် ခုနစ်ဦးကို ပြစ်ဒဏ်ကျခံရန် အကျဉ်းထောင်သို့ ပို့ဆောင်ခဲ့ကြောင်းသိရသည်။ 

မြန်မာနိုင်ငံတွင် သေဒဏ်စီရင်ခြင်းကို လူမြင်ကွင်းတွင် လုပ်ဆောင်လေ့ မရှိဘဲ MNDAA အကြမ်းဖက်အဖွဲ့က လောက်ကိုင်မြို့တွင် ပထမဆုံး လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)