အင်းစိန်မြို့နယ်၊ လောကချမ်းသာ အဘယလာဘမုနိရုပ်ပွားတော်မြတ်ကြီး (ကျောက်တော်ကြီးဘုရား)၌ (၂၃)ကြိမ်မြောက် မျက်နှာသစ်တော်ရေ ကပ်လှူပူဇော်ပွဲအခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

အင်းစိန်မြို့နယ်၊ လောကချမ်းသာ အဘယလာဘမုနိရုပ်ပွားတော်မြတ်ကြီး (ကျောက်တော်ကြီးဘုရား)၌ (၂၃)ကြိမ်မြောက် မျက်နှာသစ်တော်ရေ ကပ်လှူပူဇော်ပွဲအခမ်းအနား ကျင်းပ


ရန်ကုန် ၊  ဧပြီ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၊ ကြို့ကုန်းအရှေ့ရပ်ကွက် မင်းဓမ္မကုန်းတော်ပေါ်တွင် တည်ထားကိုးကွယ်တော်မူသော လောကချမ်းသာ အဘယလာဘမုနိရုပ်ပွားတော်မြတ်ကြီး(ကျောက်တော်ကြီးဘုရား) (၂၃)ကြိမ်မြောက် မျက်နှာသစ်တော်ရေ ကပ်လှူပူဇော်ပွဲကို ယမန်နေ့ နံနက် (၆)နာရီအချိန်က အဆိုပါဘုရားရှိ ဂန္ဓကုဋိတိုက်၌ ကျင်းပခဲ့ကြောင်း သိရသည်။

ထိုသို့ကျင်းပရာတွင် အခမ်းအနားအား "နမောတဿ" သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး ကြွရောက်လာကြသော ဧည့်ပရိသတ်များမှ အောင်ဆန်းတပ်ဦးတောရကျောင်းတိုက်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ သဒ္ဒမ္မကိတ္တိသာရထံမှ (၉)ပါးသီလ ခံယူဆောက်တည်ပြီးနောက် ဆရာတော် သံဃာတော်များမှ ဗုဒ်ဓါနိမန္တနကထာ၊ နိမန္တနကထာ ဇယန္တာဗေအိယာဂါထာတော်၊ သဗ္ဗဇေယျမင်္ဂလာအောင် ဂါထာတော်များ ရွတ်ဖတ်ပေးခြင်းနှင့် ငြမ်းအထက်ရုပ်ပွားတော်မြတ်ကြီး မျက်နှာတော်ရှေ့တွင် ဆရာတော်ကြီးများနှင့် ဧည့်သည်တော်ကြီးများမှ မျက်နှာသစ်တော်ရေ ဆက်ကပ်ပူဇော်ခြင်း၊ သွားတော်ဒန်ပူဆက်ကပ်ခြင်း၊ ယပ်တော်သွင်းခြင်းများကို ပူဇော်ကြသည်။

ဆက်လက်၍ ဆရာတော် သံဃာတော်များမှ လောကချမ်းသာ အဘယလာဘမုနိရုပ်ပွားတော်မြတ်ကြီး(ကျောက်တော်ကြီးဘုရား)အား ဗုဒ္ဓဘိသေက အနေကဇာတင်ခြင်းနှင့် ဆရာတော်သံဃာတော် အရှင်သူမြတ်တို့အား ဧည့်သည်တော်ကြီးများနှင့် တာဝန်ရှိသူများက လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီးနောက် နာယကဆရာတော်ကြီးထံမှ ရေစက်ချတရားနာယူပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု(သုံးကြိမ်)ရွတ်ဆို ဆုတောင်းခဲ့ကြကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ အောင်ဆန်းတပ်ဦးတောရကျောင်းတိုက်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ သဒ္ဒမ္မကိတ္တိသာရနှင့် ဆရာတော်များ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဇနီး၊ အင်းစိန်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန့်ဇင်နှင့် အဖွဲ့ဝင်များ၊ အင်းစိန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထွဋ်နှင့် အဖွဲ့ဝင်များ၊ ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။


ဇွဲထက်ကို

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)