မြန်မာ့နှစ်သစ်မင်္ဂလာအခါသမယတွင် ကရင်ပြည်နယ်အတွင်းရှိ အကျဉ်းသား၊ အကျဉ်းသူ (၄၀)ဦး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာ့နှစ်သစ်မင်္ဂလာအခါသမယတွင် ကရင်ပြည်နယ်အတွင်းရှိ အကျဉ်းသား၊ အကျဉ်းသူ (၄၀)ဦး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိ



ဘားအံ ၊ ဧပြီ  ၁၈

မြန်မာ့နှစ်သစ်မင်္ဂလာအခါသမယတွင် ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့် ထိုက်သင့်သော ပြစ်ဒဏ်များကိုကျခံပြီးသည့်အပြင် စည်းကမ်းကောင်းမွန်စွာနေထိုင်ကြသော အကျဉ်းသား၊ အကျဉ်းသူများအား စည်းကမ်းသတ်မှတ်ချက်များဖြင့် ပြစ်ဒဏ်မှလွတ်ငြိမ်းခွင့်ပေးခဲ့ရာ အကျဉ်းဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးကွပ်ကဲမှုအောက်ရှိ အကျဉ်းသား၊ အကျဉ်းသူ ၄၀ ဦး ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ရရှိခဲ့ကြောင်း သိရသည်။

ရာဇဝတ်ကျင့်ထုံးဥပဒေ ၄၀၁၊ ပုဒ်မခွဲ(၁)အရ နောက်တစ်ကြိမ်ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်ဟူသော စည်းကမ်းသတ်မှတ်ချက်များဖြင့် လွတ်ငြိမ်းခွင့်ပြုခဲ့ခြင်းဖြစ်ပြီး အကျဉ်းသား (၃၆)ဦး၊ အကျဉ်းသူ(၄)ဦး  စုစုပေါင်း ၄၀ ဦး ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ရရှိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ လွတ်မြောက်အကျဉ်းသား၊ အကျဉ်းသူများအား အကျဉ်းဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူးဦးချစ်လွင်၊ ဘားအံအကျဉ်းထောင်တာဝန်ခံအရာရှိနှင့် တာဝန်ရှိသူများက ဆုံးမဩဝါဒစကားများ ပြောကြားပြီး လွတ်လက်မှတ်နှင့် ခရီးစရိတ်၊ လုပ်အားရှင်ခံစားခွင့်စရိတ်များပေးအပ်၍ ကတိခံဝန်ချက်လက်မှတ် ရေးထိုးစေကာ ယမန်နေ့တွင်လွတ်ပေးခဲ့ရာ ၎င်းတို့၏ ဆွေမျိုး၊ မိဘ၊ ညီအစ်ကိုမောင်နှမများက ဝမ်းမြောက်ဝမ်းသာ လာရောက်ကြိုဆိုခဲ့ကြကြောင်း သတင်းရရှိသည်။


စောမျိုးမင်းသိန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)