ရန်ကုန် ၊ ဧပြီ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင် အင်းစိန်မြို့နယ် အင်းစိန်ဗဟိုအကျဉ်းထောင်မှပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ်၊ ၂၉၊ ၃၀၊ ၃၁၊ ၃၂/၂၀၂၄ ဖြင့် ထုတ်ပြန်သည့် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁)အရ အကျဉ်းသား၊ အကျဉ်းသူ (၈၃၄)ဦးတို့ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးပွဲကို ယမန်နေ့နံနက် (၁၁)နာရီက အင်းစိန်ဗဟိုအကျဉ်းထောင်ဝင်းအတွင်းရှိ အားကစားခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်၊ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် မျိုးမင်းထိုက်တို့က ဆုံးမသြဝါဒစကားများပြောကြားပြီး အင်းစိန်ဗဟိုအကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူ (၈၃၄)ဦးကို ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်သူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီမှ ယာဉ်များဖြင့် သွားလိုသည့် နေရပ်အသီးသီးသို့ လိုက်လံပို့ဆောင်ပေးခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၊ အကျဉ်းဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံး ညွှန်ကြားရေးမှူး ဦးမျိုးဦး၊ အင်းစိန်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်ဇင်နှင့် အဖွဲ့ဝင်များ၊ အင်းစိန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထွဋ်နှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဇွဲထက်ကို
https://t.me/MyanmarNationalPost
No comments:
Post a Comment