မုံရွာမြို့ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်၊ လမ်းလျှောက်သင်္ကြန် အပါအဝင် နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင်များ၊ အဆိုတော်များ၊ စတုဒီသာများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မုံရွာမြို့ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်၊ လမ်းလျှောက်သင်္ကြန် အပါအဝင် နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင်များ၊ အဆိုတော်များ၊ စတုဒီသာများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပမည်





မုံရွာ ဧပြီ ၁၁

၂၀၂၄ ခုနှစ် (၁၃၈၅ ခုနှစ်) မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အား စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ကန်သာယာတွင် အားလုံးပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ရေးအတွက် လမ်းလျှောက်သင်္ကြန်အပါအဝင် နိုင်ငံကျော်အနုပညာရှင် (၁၉)ဦးနှင့် သင်္ကြန်ယိမ်းအကများ၊ တပင်တိုင်အကများဖြင့် သီဆိုကပြဖျော်ဖြေခြင်း၊ DJ အကအဖွဲ့များဖြင့် ဖျော်ဖြေမှုတို့အား သင်္ကြန်အကြိုနေ့မှ အတက်နေ့အထိ ရေကစားမဏ္ဍပ်များ၊ စတုဒီသာမဏ္ဍပ်များတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မုံရွာမြို့ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် ကျင်းပရေးကော်မတီးထံမှသိရသည်။ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ဗဟိုမဏ္ဍပ်၌ နေ့စဉ်နိုင်ငံကျော်ရုပ်ရှင် မင်းသားများ၊ မင်းသမီးများ၊ ဗီဒီယိုသရုပ်ဆောင်များ၊ နိုင်ငံကျော်အဆိုတော်များဖြင့် ဧည့်ခံဖျော်ဖြေ ပေးသွားမည်ဖြစ် ကြောင်းသိရှိရသည်။

" ဒီနှစ်သင်္ကြန် မှာ အားလုံးပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ရေးအတွက် ဟိုမဏ္ဍပ်အပါအဝင် ရေကစားမဏ္ဍပ်အသီးသီးမှာ ခေတ်ပေါ်တေးဂီတများ၊ သင်္ကြန်သီချင်းများ၊ သင်္ကြန်ယိမ်း အကများ၊ တပင်တိုင်အကများဖြင့် ဖျော်ဖြေခြင်း၊ DJ အကအဖွဲ့များဖြင့် ဖျော်ဖြေခြင်း၊ စတုဒီသာမဏ္ဍပ်များတွင် ထမင်းနှင့်စားသောက်ဖွယ်ရာများ၊ အချိုရည်များ၊ အဖျော်ယမကာများဖြင့် နေ့စဉ်ဧည့်ခံကျွေးမွေးသွားမှာဖြစ်ပြီး စိတ်ကြည်နူးလန်းဆန်းစေရေးကို အစဥ်ရှေးရှုပြီး လမ်းလျှောက်သင်္ကြန်ကိုလည်း ကန်သာယာဘေး ဗိုလ်ချုပ်လမ်းပေါ်မှာရှိတဲ့ ဗဟိုမဏ္ဍပ်ရဲ့ ဘေးဝဲယာမှာ ဆောင်ရွက် ထားရှိမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ ၁၃၈၅-ခုနှစ်၊ ၂၀၂၄-ခုနှစ်၊ မုံရွာမြို့ ကန်သာယာမှာ ကျင်းပပြုလုပ်မယ့် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို မည်သူမဆို ပျော်ရွှင်စွာပါဝင်ဆင်နွှဲနိုင်အောင် စီစဉ်ဆောင်ရွက်ထားရှိတာဖြစ်လို့ လာရောက် ဆင်နွှဲကြဖို့လည်း ဖိတ်ခေါ်ပါတယ်" ဟု ၁၃၈၅-ခုနှစ်၊ ၂၀၂၄-ခုနှစ်၊ မုံရွာမြို့ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကျင်းပရေး လုပ်ငန်းကော်မတီအဖွဲ့ဝင်တစ်ဦးက ပြောပြသည်။

 ၂၀၂၄ ခုနှစ်(၁၃၈၅ ခုနှစ်) မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အား စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ကန်သာယာတွင် အလျား(၉၀)ပေ၊ အနံ(၃၀)ပေရှိ ဗဟိုမဏ္ဍပ်နှင့် ၀န်ကြီးဌာနများမှ ရေကစားမဏ္ဍပ်(၄)ခု ပွဲကြည့်စင်များ၊ စတုဒီသာမဏ္ဍပ်များ တည်ဆောက်လျက်ရှိပြီး၊ ဖျော်ဖြေရေး ယိမ်းအဖွဲ့များဖြင့်လည်း ရေကစားမဏ္ဍပ်အသီးသီးတွင် အလှည့်ကျဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် နိုင်ငံကျော်ရုပ်ရှင် မင်းသားများ၊ မင်းသမီးများ၊ ဗီဒီယိုသရုပ်ဆောင်များ၊ နိုင်ငံကျော် အဆိုတော်များဖြင့် သင်္ကြန်ပွဲတော် အကြိုနေ့မှ အတက်နေ့အထိ ဧည့်ခံဖျော်ဖြေပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)