မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ပုဂ္ဂလိကဆရာအတက်ပညာလက်မှတ်သင်တန်း (မူလတန်းနှင့် အလယ်တန်းအဆင့်) ဖွင့်ပွဲအခမ်းအနား တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ပုဂ္ဂလိကဆရာအတက်ပညာလက်မှတ်သင်တန်း (မူလတန်းနှင့် အလယ်တန်းအဆင့်) ဖွင့်ပွဲအခမ်းအနား တက်ရောက်



မကွေး ၊  ဧပြီ  ၂၄   


၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပုဂ္ဂလိကဆရာအတက်ပညာလက်မှတ်သင်တန်း (မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့်) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မကွေးပညာရေး ဒီဂရီကောလိပ်ရှိ ပညာ့ဗိမာန်ခန်းမ၌ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်း‌ဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်သည်။

ရှေးဦးစွာ မကွေးတိုင်း‌ဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားရာတွင် ပုဂ္ဂလိက ကိုယ်ပိုင်မူလတန်း၊ အလယ်တန်း၊အထက်တန်းကျောင်းများသည် အခြေခံပညာကျောင်းများနည်းတူ ကျောင်းသား၊ ကျောင်းသူများ ပညာတတ်မြောက်စေရန်၊ ထူးချွန်ထက်မြက်သူများ ဖြစ်စေရန်၊ လိမ္မာယဉ်ကျေးဆိုဆုံးမလွယ်သူများဖြစ်စေရန်၊ နောင်တွင် တိုင်းပြည်အတွက် သားကောင်းရတနာများ ဖြစ်စေရန် လုပ်ဆောင်ပေးရမည့်တာဝန်များ ကိုယ်စီရှိကြပါကြောင်း၊ ၎င်းတာဝန်များကို ပြည့်ပြည့်ဝဝဆောင်ရွက်နိုင်ရန်အတွက် ကိုယ်ပိုင်ကျောင်းများတွင် သင်ကြားပို့ချပေးနေသော ဆရာ၊ ဆရာမများသည်လည်း သင်ခန်းစာများ ပိုင်နိုင်ကျွမ်းကျင်ရုံသာမက သင်ကြားရေးနည်းစနစ်များကိုလည်း အထူးပိုင်နိုင်ကျွမ်းကျင်ဖို့ လိုအပ်ပါကြောင်း၊ စည်းလုံးညီညွတ်၍ သဟဇာတဖြစ်သည့် အနာဂတ်လူ့ဘောင်အဖွဲ့အစည်းအား ထူးချွန်ထက်မြက်သော၊ ကျန်းမာကြံ့ခိုင်သော၊ တွေးခေါ်နိုင်စွမ်းရှိသော၊ အကျင့်စာရိတ္တကောင်းမွန်သော၊ နိုင်ငံကြီးသားပီသသော၊ တာဝန်ယူမှု တာဝန်ခံမှုရှိသော၊ အတ္တနှင့် ပရမျှတသော၊ လူ့ကျင့်ဝတ်လူ့တန်ဖိုးကို အလေးထား၍ စိတ်ဓာတ်စည်းကမ်းကောင်းမွန်သော လူကောင်းလူတော်များဖြင့်သာ ဖန်တီးဖော်ဆောင်ပေးနိုင်မည်ဖြစ်ရာ နိုင်ငံ၏အနာဂတ်ပဲ့ကိုင်ရှင်များဖြစ်သည့် ဆရာ၊ ဆရာမများအနေဖြင့်လည်း ယခုသင်တန်းမှ သင်ကြားပို့ချပေးသည်များကို ကြိုးစားသင်ယူ၍ ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် မကွေးပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ဆရာမကြီးက ပုဂ္ဂလိက ဆရာအတက်ပညာလက်မှတ်သင်တန်း (မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့်) ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်၊ အကျိုးကျေးဇူးနှင့် သင်တန်းဆိုင်ရာအချက်အလက်များအား ရှင်းလင်းတင်ပြသည်။

အဆိုပါသင်တန်းတွင် မြို့နယ်အတွင်းရှိ ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများမှ မူလတန်းအဆင့် ဆရာ/ဆရာမ (၆၄) ဦး၊ အလယ်တန်းအဆင့်ဆရာ/ဆရာမ (၄၉) ဦး စုစုပေါင်း ဆရာ/ဆရာမ (၁၁၃)ဦးအား ပညာရေးသဘောတရား၊ ပညာရေးစိတ်ပညာ၊ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေး၊ ကာယပညာ၊ ပန်းချီ၊ ဂီတ၊ စိုက်ပျိုးရေး၊ အိမ်တွင်းမှု၊ စက်မှုလက်မှု၊ ICT၊  ဘဝတွက်တာကျွမ်းကျင်စရာ၊ စာရိတ္တနှင့် ပြည်သူ့နီတိစသည့်ဘာသာရပ်များကို ဧပြီလ ၂၃ ရက်နေ့မှ မေလ ၁၀ ရက်နေ့အထိ မကွေးပညာရေးဒီဂရီကောလိပ်မှ ဆရာ/ဆရာမများက သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။


အောင်ကို(ဖန်ခါးမြေ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)