စက်မှုဝန်ကြီးဌာနအနေဖြင့် ဆီစက်လုပ်ငန်းရှင်များ၏လိုအပ်သည်များ ကူညီဖြည့်ဆည်းစီမံဆောင်ရွက်သွားမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စက်မှုဝန်ကြီးဌာနအနေဖြင့် ဆီစက်လုပ်ငန်းရှင်များ၏လိုအပ်သည်များ ကူညီဖြည့်ဆည်းစီမံဆောင်ရွက်သွားမည်



နေပြည်တော်၊ ဧပြီ ၂၈

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းသည် ယမန်နေ့က လယ်ဝေးမြို့နယ်ရှိ ဦးစိုးသန်း၏ တောင်တွင်းဆီစက်၊ ဦးမောင်မောင်ဦး၏ အောင်သမာဓိဆီစက်၊ ဦးနိုင်ဝင်း၏ ကန်လှဆီစက်၊ အေလာရှိ ဦးအေးထွန်း၏ ပြည်လုံးချမ်းသာဆီစက်၊ ပျဉ်းမနားမြို့နယ်ရှိ ဦးခင်မောင်ဝင်း၏ ရွှေပြည်စိုးဆီစက်၊ ဦးလှထွန်း၏ ရွှေလိပ်ပြာ ဆီစက်တို့ကို လှည့်လည်အားပေးကြည့်ရှုသည်။


ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် ဆီထွက်သီးနှံများကို ဇုန်များသတ်မှတ်ပြီး စိုက်ပျိုး၍ ပန်းတိုင်အထွက်နှုန်းအတိုင်း ထွက်ရှိရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ စက်မှုဝန်ကြီးဌာနအနေဖြင့်လည်း ထွက်ရှိလာသည့်ဆီထွက်သီးနှံများကို သက်ဆိုင်ရာလုပ်ငန်းရှင်များက အပြည့်အဝကြိတ်ခွဲ၍ စားသုံးဆီများ ထုတ်လုပ်နိုင်ရေးအတွက် ဆီစက်လုပ်ငန်းရှင်များ၏ လိုအပ်သည်များကို ကူညီဖြည့်ဆည်းစီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း။


စားသုံးဆီထုတ်လုပ်မှုလုပ်ငန်းများကို ကောင်းမွန်သည့် ထုတ်လုပ်မှုကျင့်စဉ်များနှင့်အညီ ထုတ်လုပ်မှသာ ဘေးအန္တရာယ်ကင်းရှင်းပြီး အရည်အသွေးကောင်းမွန်သောစားသုံးဆီများ ရရှိမည်ဖြစ်၍ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဆီစက်လုပ်ငန်းရှင်များအနေဖြင့် မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီတို့တွင် ပါဝင်သည့် ရုပ်ပိုင်းနှင့်ဓာတုဆိုင်ရာ ဂုဏ်သတ္တိများကို သိရှိအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုးတက်ရေးရန်ပုံငွေမှ ချေးငွေများ ထုတ်ချေးပေးလျက်ရှိကြောင်း၊ ဆီစက်လုပ်ငန်းရှင်များအနေဖြင့် စားသုံးဆီတိုးတက်ထွက်ရှိရေး၊ စီးပွားရေးတွက်ခြေကိုက်မှုရှိစေရေးနှင့် ကြိတ်ဖတ်များအား တိရစ္ဆာန်အစာအဖြစ်အသုံးပြုရာတွင် အကျိုးရှိစေရေးတို့အတွက် ကြိတ်ဖတ်များတွင် ဆီကျန်ရှိမှု လျော့နည်းအောင် ဆောင်ရွက်ရန်လိုအပ်ကြောင်း မှာကြားသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ပြည်ထောင်စုနယ်မြေ(နေပြည်တော်ကောင်စီ) စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနသို့ ရောက်ရှိ၍ အစည်းအဝေးခန်းမ၌ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။


တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နေပြည်တော်ကောင်စီအတွင်းရှိ မှတ်ပုံတင်ထားရှိသည့် ဆီစက်လုပ်ငန်းများနှင့် မြေပြင်ရှိစာရင်းများ ကိုက်ညီမှု ရှိ/ မရှိ စစ်ဆေးရမည်ဖြစ်ကြောင်း၊ စက်မှုလုပ်ငန်းများ စနစ်တကျရှိစေရေးအတွက် စစ်ဆေးကြပ်မတ်သူများအနေဖြင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေးနှင့် ညီညွတ်သည့်ထုတ်ကုန်များ ထုတ်လုပ်ရေး၊ ပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေးတို့အတွက် အလေးထားစစ်ဆေးပေးရမည်ဖြစ်ကြောင်း၊ MSME များဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်မည့်အစီအမံများကိုလည်း ကြိုတင်ရေးဆွဲဆောင်ရွက် ထားရမည်ဖြစ်ကြောင်း၊ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဆီစက်များ၏ စက်မှုပိုင်းဆိုင်ရာ အချက်အလက်များကိုလည်း ပြည့်စုံမှန်ကန်အောင် ပြုစုထားရမည်ဖြစ်ကြောင်း၊ အရည်အသွေးကောင်းမွန်သည့် စားသုံးဆီများ ထုတ်လုပ်နိုင်ရေးအတွက် ထုတ်လုပ်ရမည့်နည်းစဉ်များကိုလည်း လေ့လာ၍ လုပ်ငန်းရှင်များသို့ ဖြန့်ဝေပေးရမည်ဖြစ်ကြောင်း၊ နေပြည်တော်ကောင်စီအတွင်းမှ ထွက်ရှိသည့် ဆီထွက်သီးနှံများကို အပြည့်အဝကြိတ်ခွဲနိုင်ရေးအတွက် ဆီစက်လုပ်ငန်းရှင်များ၏ လိုအပ်ချက်များကို ဖြည့်ဆည်း၍ ပူးပေါင်းဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)