သထုံမြို့‌ပေါ်ရှိ ‌သောက်သုံးရေအခက်အခဲရှိရာ ရပ်ကွက်များသို့ အကြင်နာတွဲလက် လူမှုကူညီရေးအသင်းမှ ရေလှူဒါန်း - Myanmar National Post

Myanmar National Post

News Agency

Breaking

သထုံမြို့‌ပေါ်ရှိ ‌သောက်သုံးရေအခက်အခဲရှိရာ ရပ်ကွက်များသို့ အကြင်နာတွဲလက် လူမှုကူညီရေးအသင်းမှ ရေလှူဒါန်း




သထုံ၊ ဧပြီ ၂၂

မွန်ပြည်နယ်၊ သထုံမြို့‌ပေါ်ရှိ ရေအခက်အခဲဖြစ်ရာ နေရာများသို့ အကြင်နာတွဲလက် လူမှုကူညီရေးအသင်းမှ ယနေ့ နံနက်က သောက်သုံးရေများ လိုက်လံလှူဒါန်းပေးခဲ့ကြောင်း အသင်းတာဝန်ရှိသူများထံမှ သိရသည်။

ယနေ့နံနက်ပိုင်းတွင် သထုံမြို့‌၊ လိပ်အင်းရပ်ကွက်ရှိ ပိတောက်မြိုင်၊ ကုန်းထိပ်နှင့် ဓာတ်တော်တိုက်လမ်း၊ အောက်ကျင်းရပ်ကွက်၊ အောင်မြေရွှေဘုံတို့သို့ သွားရောက်လှူဒါန်းခဲ့ပြီး မွန်းလွဲပိုင်းအထိ လိုအပ်သည့်နေရာများကို လိုက်လံလှူဒါန်းမည်ဖြစ်သည်။

"အသင်းအနေနဲ့ကတော့ နှစ်စဉ်လှူတယ်၊ ဒီနှစ်အတွက်ကတော့ စက်သုံးဆီ အတော်လေးအခက်အခဲဖြစ်တယ်၊ အခုလို ရေ လှူနိုင်တာလည်း အသင်းကိုစက်သုံးဆီ လှူပေးနေတဲ့ အလှူရှင်တွေရှိလို့သာပါ၊ အသင်းအနေနဲ့ မိဘပြည်သူတွေ လိုအပ်တဲ့ ကွပ်လပ်လေးကို ဖြည့်ဆည်းပေးနိုင်တာကိုဘဲ ပီတိဖြစ်ရပါတယ်" ဟု အကြင်နာတွဲလက် လူမှုကူညီရေးအသင်းဥက္ကဋ္ဌ ကို‌အောင်ကိုလတ်က ပြောသည်။

သထုံမြို့ပေါ်တွင် မတ်လ ဒုတိယပတ်ခန့်မှစတင်ကာ ရေတွင်းရေကန်များ ခန်းခြောက်ပြီး ရေပြတ်လပ်မှုကြုံတွေ့ခဲ့ရာ မြို့ပေါ်ပရဟိတအသင်းအဖွဲ့များဖြစ်သည့် အကြင်နာတွဲလက်အသင်း၊ အနှိုင်းမဲ့မေတ္တာအသင်း စသည့်လူမှုကူညီရေး အသင်းအဖွဲ့များနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အစီအစဉ်ဖြင့် မီးသတ်ဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့ အစရှိသည့် ဌာနဆိုင်ရာများကလည်း စဉ်ဆက်မပြတ် လိုက်လံလှူဒါန်းပေးလျှက်ရှိကြောင်း သိရသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)