ပေါင် ဧပြီ ၂
မွန်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှု၊ မွန်ပြည်နယ်ကုသရေးဦးစီးဌာန၏အစီအစဉ်ဖြင့် သထုံခရိုင် ပြည်သူ့ဆေးရုံ၊သထုံခရိုင်ကျန်းမာရေးဦးစီးဌာနနှင့် ပေါင်မြို့နယ် ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်းဆောင်ရွက်သော သထုံခရိုင်ပြည်သူ့ဆေးရုံမှအထူးကုဆရာဝန်ကြီးများ(အခမဲ့)ကွင်းဆင်းဆေး ကုသမှုကိုယနေ့နံနက်ပိုင်း က သဲကုန်း တိုက်နယ်ပြည်သူ့ဆေးရုံ၌ပြုလုပ်ခဲ့ကြသည်။
ထိုသို့ ဆေးကုသမှုခံယူရန်အတွက် တာဝန်ကျသူနာပြုဆရာမများက သွေး ပေါင်ချိန်တိုင်းပေးခြင်း၊ဆီးချိုများစစ်ဆေးပေးခြင်းများကိုပြုလုပ်ပေးခဲ့ကြပြီး အထူကုဆရာဝန် ( သမားတော် )၊အထူးကုဆရာဝန် (အရိုး)၊အထူးကုဆရာဝန် (သွား)၊အထူးကုဆရာဝန်(သားဖွား၊မီးယပ်)၊အထူးကုဆရာဝန် (ကလေး)၊အထူးကုဆရာဝန် (ခွဲစိတ်)၊လက်ထောက်ဆရာဝန်(ဆေးပညာ)၊လက်ထောက်ဆရာဝန် (ဓာတ်မှန်)တို့က လူနာများကိုအသေးစိတ်ကုသမှုပြုလုပ်ခဲ့သည်။
ထိုသို့ဆေးကုသမှုကို သထုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးရဲနိုင် နှင့်အဖွဲ့ဝင်များ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးထင်လင်းအောင်နှင့်အဖွဲ့ဝင် တို့က လိုအပ်သည်များကူညီဆောင်ရွက်ပေးခဲ့သည်။ဆေးကုသမှုကုန်ကျစရိတ်အတွက်လည်း ကျွဲခြံကျေးရွာမှဦးမင်းမင်းစိုးနှင့်အဖွဲ့ဝင်များကငွေကျပ် (၁၀)သိန်းကိုလှူဒါန်းပေးခဲ့သည်။ ဆေးကုသမှုခံယူရာတွင် သဲကုန်းကျေးရွာ၊ကျုံဟော်ကျေးရွာ၊ညောင်းကုန်းကြီးကျေးရွာ၊ထန်းပင်ချောင်လေးကျေးရွာ၊မြလေးချောင်ကျေးရွာရှိပြည်သူများက လာရောက်၍ ဆေးကုမှုခံယူခဲ့ကြောင်းသိရသည်။
မွန်မလေး
https://t.me/MyanmarNationalPost
No comments:
Post a Comment