ပုဗ္ဗသီရိ ဧပြီ ၂
နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ကျည်တောင်ကန် အမှတ်(၁)ရပ်ကွက်ရှိ ဈေးကုန်းကျောင်းတိုက်၌ သံဃာတော်များနှင့် ရပ်ကွက်နေပြည်သူများအား အသည်းရောင်အသားဝါဘီပိုးကာကွယ်ဆေးကို မတ်လ ၃၁ ရက်နေ့ မွန်းလွဲပိုင်းက ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အသည်းရောင်အသားဝါဘီပိုးကာကွယ်ဆေး ထိုးနှံရာတွင် ပျဉ်းမနားမြို့နယ် သံဃာ့ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းမင်းထွဋ်နှင့် ကျန်းမာရေးဝန်ထမ်း ကိုးဦးတို့က ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ကျည်တောင်ကန် အမှတ်(၁)ရပ်ကွက်၊ ဈေးကုန်းကျောင်းတိုက်မှ သံဃာတော်များနှင့် ရပ်ကွက်နေပြည်သူ စုစုပေါင်း (၄၀)ဦးတို့အား ထိုးနှံပေးခဲ့ကြောင်း သိရသည်။
သန်းသန်းနွယ်(ပုဗ္ဗ)
https://t.me/MyanmarNationalPost
No comments:
Post a Comment