မြို့သစ် ၊ ဧပြီ ၂၃
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် ဆီထွက်သီးနှံမျိုးစုံ စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ယခုအခါ လယ်သီးထပ်စိုက်ပျိုးသော နေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
“ကျွန်တော် ဒီနှစ်လယ်ရိတ်သိမ်းပြီး ဆင်းရွှေကြာ-၂ နေကြာမျိုးတစ်ဧက စိုက်ပျိုးထားပါတယ်။ အခုအခါ နေကြာစိုက်ခင်းမှာ အောင်မြင်ဖြစ်ထွန်းနေပါတယ်။ တိုးချဲ့စိုက်ပျိုးဖို့ စီစဉ်ထားပါတယ်” ဟု နေကြာစိုက်တောင်သူပြောသည်။
အဆိုပါ နေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းစေရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်နည်းစနစ်ကွင်းသရုပ်ပြခြင်း၊ စိုက်ပျိုးရေးဆိုင်ရာများ အသိပညာပေးခြင်း၊ ယူရီးယားဓာတ်မြေဩဇာများ ဈေးနှုန်းချိုသာစွာ ဖြန့်ဖြူးရောင်းချပေးခြင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သန်းဝင်းထွန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment