ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် ပဲခူးတိုင်းဒေသကြီးအတွင်း နွေစပါးနှင့် အခြားသီးနှံများ စိုက်ပျိုးရေပေးဝေနေမှု ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် ပဲခူးတိုင်းဒေသကြီးအတွင်း နွေစပါးနှင့် အခြားသီးနှံများ စိုက်ပျိုးရေပေးဝေနေမှု ကြည့်ရှုစစ်ဆေး



နေပြည်တော်၊ ဧပြီ ၈

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ဧပြီ ၅ ရက် မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီး မင်းလှမြို့နယ် ဝက်လှကြီး ကျေးရွာရှိ စက်မှုလယ်ယာဦးစီးဌာန လယ်ယာမြေ အဆင့်မြှင့်တင်ခြင်း ဧက ၄၀ ၌ စိုက်ပျိုးထားရှိသော နွေစပါးမျိုးသန့်မျိုးပွားစိုက်ခင်းကို ကြည့်ရှုစစ်ဆေးပြီး ဒေသခံတောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ မိမိတို့ဒေသနှင့်ကိုက်ညီသည့် သီးနှံမျိုးများ ရွေးချယ်၍ သီးထပ်စိုက်ပျိုးနိုင်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေးဆိုင်ရာ ကိစ္စရပ်များ ကို ဆွေးနွေးပြောကြားသည်။


ဆက်လက်၍ အုတ်ဖိုမြို့နယ် ဆင်ဂေါင်းအုပ်စု လင်းလွန်းပင်ကျေးရွာရှိ စဉ်ဆက်မပြတ် ဟင်းသီး ဟင်းရွက် ဧက ၅၀ စိုက်ခင်းသို့ ရောက်ရှိပြီး စိုက်ခင်း များအတွင်း စိုက်ပျိုးရေရရှိရေးအတွက် ဂမုန်းချောင်းမှ ရေသွယ်မြောင်း တူးဖော်ပေးခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ရေးဆွေးနွေးကာ ဒုတိယဝန်ကြီးက တောင်သူများ၏ စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင် ကြုံတွေ့ နိုင်သည့်အခက်အခဲများ ရင်ဆိုင်ကျော်လွှားနိုင်ရေး၊ စိုက်ပျိုးမြေဧက ပိုမိုပေးဝေနိုင်စေရန် အလေအလွင့်နည်းပြီး ချွေတာသုံးစွဲနိုင်သည့် ရေဖျန်းစနစ်၊ ရေအစက်ချစနစ်များအသုံးပြုရန်၊ စိုက်ပျိုးထွက်ရှိလာသည့် ဟင်းသီးဟင်းရွက်များ အရည်အသွေးကောင်းမွန်ရေးနှင့် အထွက်တိုးတက်ရေး ပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။


ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် နတ်တလင်းမြို့နယ် ကျခတ်ဝါးရုံကျေးရွာရှိ အမှတ်(၄၅)စက်မှုလယ်ယာစခန်းမှ ပဲခူးတိုင်းဒေသကြီး အစိုးရရန်ပုံငွေဖြင့် စက်မှုလယ်ယာစနစ်ကျလယ်မြေ ၉၈ ဧက ဖော်ထုတ်၍ နွေစပါးစိုက်ပျိုးထားရှိမှုကို ကြည့်ရှု စစ်ဆေးပြီး စက်မှုလယ်ယာဦးစီးဌာန တာဝန်ရှိသူများက ကွင်းအမှတ်(၂၆၀)အတွင်းရှိ စနစ်ကျ လယ်ယာမြေ ဖော်ထုတ်ခြင်းဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန တာဝန်ရှိသူများက တောင်ညိုဆည် BDY(3) Level Crossing မှ ကွင်းအမှတ် (၂၅၉၊ ၂၆၀) စံပြစိုက်ကွင်းနှင့် ဦးညှက်လှရေတံခါး၊ ပန်းတင်ကြီး ရေတံခါးများသို့ စိုက်ပျိုးရေပေးဝေနေမှုအခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြရာ ဒုတိယ ဝန်ကြီးက ဆည်ရေသောက်မှ ကျဆင်းလာသည့် ရေကို ရေတံခါးများနှင့်တစ်ဆင့် ပြန်လည်အသုံးပြုစိုက်ပျိုးသည့် နွေစပါးအပါအဝင် အခြားသီးနှံများ၏ စိုက်ပျိုးဧကစာရင်းများကို မှတ်တမ်းပြုစုကောက်ယူကြရန် တာဝန်ရှိသူများအား ဆွေးနွေးမှာကြားပြီး စနစ်ကျလယ်မြေ အတွင်းရှိ ရေသွင်း၊ ရေထုတ်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။


ထို့နောက် ဒုတိယဝန်ကြီးသည် ရွှေတောင်မြို့နယ် ကြို့ကုန်းကျေးရွာအုပ်စုရှိ နတ်မှော်လျှပ်စစ် ရေတင် ရေသောက်ဧရိယာတွင် မျိုးစေ့ချကိရိယာ Drum Seeder ဖြင့် စိုက်ပျိုးထားသော နွေစပါးဧက ၁၀၀ စံပြကွက်ကို ကြည့်ရှုစစ်ဆေးပြီး ဒေသခံတောင်သူများ နှင့်တွေ့ဆုံကာ ရေသွင်းရေခန်း စိုတစ်လှည့် ခြောက်တစ်လှည့် စိုက်ပျိုးနည်းစနစ် အသုံးပြုစိုက်ပျိုး၍ စိုက်ပျိုးရေကို စနစ်တကျသုံးကြရေး၊ ရေသောက်စနစ် စိုက်ဧကများ တိုးတက်ရေး၊ တစ်ဧကအထွက်နှုန်းတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)