ဒေးဒရဲမြို့နယ်၌ နိုင်ငံတော်အစိုးရ ပါဠိပထမပြန်စာမေးပွဲ ပဉ္စမနေ့ဆက်လက်ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒေးဒရဲမြို့နယ်၌ နိုင်ငံတော်အစိုးရ ပါဠိပထမပြန်စာမေးပွဲ ပဉ္စမနေ့ဆက်လက်ကျင်းပ




ဒေးဒရဲ ဧပြီ ၈


ဧရာဝတီတိုင်း​ဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် သာသနာတော် တည်တံ့ထွန်းကား ပြန့်ပွားရေးအတွက် စာမေးပွဲမှတစ်ဆင့် သာသနာအာဇာနည်များ ပေါ်ထွန်းလာပြီး သာသနာ အကျိုး သယ်ပိုးထမ်းရွက်သွားနိုင်စေရန် ရည်ရွယ်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကျင်းပသော ၂၀၂၄ ခုနှစ် နိုင်ငံတော်အစိုးရပါဠိပထမပြန် စာမေးပွဲကြီးအား  ယမန်နေ့ နေ့လယ်(၁၂)နာရီက  မင်္ဂလာကံကျောင်းတိုက်ရှိ သာဓုနယတန်ဆောင်းတော် ကြီးတွင် ပဉ္စမနေ့အဖြစ် ကျင်းပလျက်ရှိကြောင်း သိရသည်။


အဆိုပါ စာမေးပွဲကြီးအား မြို့နယ်သံဃနာယက ဆရာတော်ကြီးများ၏ သြဝါဒခံယူ၍ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ ဘာသာရေးအသင်းများ၊ လူမှုရေး အသင်းများ ပူးပေါင်း၍ စာမေးကြီးတွင် ဝင်ရောက်ဖြေဆိုလျက်ရှိသည့် သံဃာတော်များ ကိုယ်စိတ်နှလုံးချမ်းမြေ့စွာဖြင့် ဖြေဆိုပြီးစီးရေး ဆောင်ရွက်လျက်ရှိကြောင်း သိရပြီး  စာမေးပွဲကြီး အား ၂၀၂၄ ခုနှစ် ဧပြီလ(၃)ရက်မှစတင်၍ (၉)ရက်နေ့အထိ (၇)ရက်တိုင်တိုင် ကျင်းပသွားမည် ဖြစ်ရာ စာမေးပွဲကြီး ပဉ္စမနေ့အဖြစ် ပထမငယ်တန်းတွင် ဘာသာပြန်ဘာသာရပ်အား သံဃာတော်(၁၇)ပါး၊ ပထမလတ်တန်းတွင် ယမိုက်အောက် (၅) ကျမ်း ဘာသာရပ်အား သံဃာတော် (၁) ပါး စုစုပေါင်း သံဃာတော် (၁၈)ပါး ဖြေဆိုတော်မူလျက်ရှိကြောင်း သိရပြီး အလှူရှင်များက စာမေးပွဲကြီးကြပ်ဆရာတော်ကြီးများနှင့် စာဖြေသံဃာတော်များအား အလှူငွေနှင့် အချိုရည်များ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။


အေဇာလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)