မှော်ဘီမြို့နယ်တွင် မြန်မာ့ရိုးရာနှစ်သစ်ကူး နှစ်ဆန်း နှစ်ရက်နေ့(ဒုတိယအကြိမ်) နှစ်ဦးအထူးတရားပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မှော်ဘီမြို့နယ်တွင် မြန်မာ့ရိုးရာနှစ်သစ်ကူး နှစ်ဆန်း နှစ်ရက်နေ့(ဒုတိယအကြိမ်) နှစ်ဦးအထူးတရားပွဲ ကျင်းပ



မှော်ဘီ ၊  ဧပြီ  ၂၀  

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ရွှေမော်တင်စေတီတော် ဂေါပကအဖွဲ့မှ ကြီးမှူးကျင်းပ သော(ဒုတိယအကြိမ်)နှစ်ဦးအထူးတရားပွဲကို မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ မြန်မာ့ရိုးရာနှစ်သစ်ကူးနှစ်ဆန်းနှစ်ရက်နေ့ ည(၈)နာရီအချိန်က ရွှေမော်တင်စေတီတော်မြတ်ကြီး၏ ဝတ္တကမြေ၌ ကျင်းပခဲ့သည်။

ကျင်းပရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် နှစ်ဦးအထူးတရားပွဲကို ဧပြီလ ၁၈ ရက်နေ့ည (၈) နာရီ၌ ဗောဓိရိပ်ငြိမ်ဆရာတော်ဘဒ္ဒန္တဣာစရိယ (ဗုဒ္ဓေါရသ)မှ တရားရေအေးအမြိုက်ဆေးတရားဦး ဟောကြားသွာခဲ့ကြောင်း သိရသည်။

ထို့နောက် မြန်မာနှစ်သစ်ကူးအထူးဓမ္မသဘင်တရားပွဲတွင်  ဆရာတော်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဉီးဖြိုးအောင်ကြည်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးပြည့်စုံကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးဝင်းစိုးတို့မှ ဓမ္မပူဇာအလှူတော်ငွေများ ဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ဧပြီလ(၁၉)ရက်နေ့၌ မှော်ဘီမြို့နယ်သံဃနာယကဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တဃောသိတ (မဟာဂန္တဝါစကပဏ္ဍိတ) တို့မှ အထူးတရားတော်များ ဟောကြားမည်ဖြစ်ကြောင်လည်း သိရှိရပါသည်။


ဝင်းဇော်

https://t.me/MyanmarNationalPost 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)