ဒိုက်ဦးမြို့နယ်၌ ၂ဝ၂၄-ခုနှစ်၊ စာသင်ကြားပေးမည့် ခရိုင်အဆင့် နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒိုက်ဦးမြို့နယ်၌ ၂ဝ၂၄-ခုနှစ်၊ စာသင်ကြားပေးမည့် ခရိုင်အဆင့် နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

 




ဒိုက်ဦး ဧပြီ ၁


၂ဝ၂၄-ခုနှစ်၊ ပဲခူးတိုင်းဒေသကြီး(အရှေ့) ၊ ညောင်လေးပင်ခရိုင်၊ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းတွင် စာသင်ကြားပေးမည့် ခရိုင်အဆင့် နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားကို ဧပြီလ ၁ ရက်နေ့နံနက် ၉ နာရီအချိန်က အ.ထ.က(၁) ဒိုက်ဦး၊ အောင်ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး(အရှေ့)၊ ညောင်လေးပင်ခရိုင်၊ ခရိုင်အဆင့် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ သင်တန်းသားနည်းပြများအတွက် အခြေခံမြန်မာစာ၊ အခြေခံသင်္ချာ၊ သင်ပြနည်းလမ်းညွှန်စာအုပ်များကို ခရိုင်အဆင့် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ပေးအပ်၍ ခရိုင်ပညာရေးမှူး ဦးညွန့်ဝေက လက်ခံရယူပြီး သင်တန်းသားနည်းပြများအတွက် ဗလာစာအုပ်များကို မြို့နယ်အဆင့် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆန်းဦး မှ မြို့နယ်ပညာရေးမှူး ဒေါ်နော်ခရီစဲလ်ဒါက လက်ခံရယူခဲ့‌ကြောင်း သိရသည်။

ထို့နောက်မနီပြုံးနိုင်ပြီ " Video Clip ပြသ၍ အခမ်းအနား ရုပ်သိမ်းခဲ့သည်။ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ ရပ်/ ကျေးအုပ်ချုပ်ရေးမှူးများ သင်တန်းနည်းပြများ စုစုပေါင်းအင်အား (၂၀၀)ဦးခန့် တက်ရောက်ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)