PDF အမည်ခံအကြမ်းဖက်အဖွဲ့များက ရဟန်းသံဃာ ၂ ပါးအား အကြောင်းအမျိုးမျိုးပြကာ ဒလန်ဟုစွပ်စွဲ၍ ရက်စက်စွာသတ်ဖြတ် - Myanmar National Post

Myanmar National Post

News Agency

Breaking

PDF အမည်ခံအကြမ်းဖက်အဖွဲ့များက ရဟန်းသံဃာ ၂ ပါးအား အကြောင်းအမျိုးမျိုးပြကာ ဒလန်ဟုစွပ်စွဲ၍ ရက်စက်စွာသတ်ဖြတ်



နေပြည်တော်၊ ဧပြီ ၂

NUG ၊ CRPH  အကြမ်းဖက်အဖွဲ့များ၏ လက်ပါးစေ PDF အမည်ခံအကြမ်းဖက်သမားများသည် ဒေသအချို့၌ အုပ်ချုပ်ရေး ပိုင်းဆိုင်ရာတာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာနေထိုင်ကြသည့် ပြည်သူအချို့အား အကြောင်းပြချက် အမျိုးမျိုးဖြင့် ခြိမ်းခြောက်၊ သတ်ဖြတ်၊ လုယက်မှုများ ကျူးလွန်လျက် ရှိသည့်အပြင် ကိုးကွယ်ဆည်းကပ်ရာဖြစ်သော သံဃာတော်များကိုပါ လုပ်ကြံသတ်ဖြတ်သည့် အကြမ်းဖက် လုပ်ရပ်များ ကျူးလွန်လျက်ရှိကြသည်။

ထိုသို့ အကြမ်းဖက်မှုများလုပ်ဆောင်ခဲ့ရာ မတ်လ ၂၈ ရက် နံနက် ၈ နာရီ ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ မြိုက်ကျေးရွာရှိ ဘုန်းကြီးကျောင်း၌ သီတင်းသုံး နေသည့် ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ ဥက္ကဋ္ဌ သက်တော်(၄၇) နှစ်၊ ဝါတော်(၂၅)ဝါ အား PDF အမည်ခံအကြမ်းဖက်သမားများက ဒလန်ဟုစွပ်စွဲကာ  ဓါးဖြင့် ရက်စက်စွာ ထိုးခုတ် သတ်ဖြတ်ခဲ့ခြင်းကြောင့် ခန္ဓာကိုယ်အပေါ်ပိုင်း ပြတ်ရှထိုးသွင်းဒဏ်ရာများဖြင့် ပျံလွန်တော်မူခဲ့ကြောင်း သိရသည်။

အလားတူ မတ်လ ၂၉ ရက် နေ့လယ် ၂ နာရီခန့်တွင် နတ်မောက်မြို့နယ်၊ မြင်းတဲကြီးကျေးရွာအနီးရှိ မှန်ခြေရင်းတောင်တောရကျောင်း၌ တစ်ပါးတည်း သီတင်းသုံး နေထိုင်သည့် ဆရာတော် ဘဒ္ဒန္တ ပညာစာရ သက်တော်(၅၅)နှစ်၊ ဝါတော်(၁၀)ဝါအား PDF အမည်ခံအကြမ်းဖက်သမားများက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး မြင်းတဲကြီးကျေးရွာအနီး လမ်းပေါ်၌ တပ်မတော်ယူနီဖောင်းအင်္ကျီနှင့် ရဲတပ်ဖွဲ့ယူနီဖောင်း ဘောင်းဘီတို့အား ဝတ်ဆင် စေကာ ဦးခေါင်းအား သေနတ်ဖြင့် ရက်စက်စွာပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့် ပျံလွန်တော်မူ ခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်သမားများအနေဖြင့် ၎င်းတို့အပေါ် လိုလားထောက်ခံခြင်းမရှိသော အပြစ်မဲ့ ပြည်သူများကိုသာမက ကိုးကွယ်ယုံကြည်ရာဖြစ်သော ရဟန်းသံဃာများကိုပင် အကြောင်း အမျိုးမျိုးပြစွပ်စွဲ၍ သတ်ဖြတ်ခြင်းများကို  ကျူးလွန်လျက်ရှိသည်။ ယခုကဲ့သို့ သံဃာတော်များအား အကြောင်းမဲ့ သတ်ဖြတ်ခဲ့သည့် အကြမ်းဖက်သမားများအား အမြန်ဆုံး ဖော်ထုတ် ဖမ်းဆီးနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများနှင့် ပူးပေါင်း ကာ စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)