လှိုင်းဘွဲမြို့နယ် ကွမ်တာကျေးရွာတွင် ယဉ်ကျေးလိမ္မာ ဓမ္မစကူးလ် သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လှိုင်းဘွဲမြို့နယ် ကွမ်တာကျေးရွာတွင် ယဉ်ကျေးလိမ္မာ ဓမ္မစကူးလ် သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ

 


လှိုင်းဘွဲ ဧပြီ ၅

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ကွမ်တာကျေးရွာတွင် ဆရာတော်/သံဃာတော်များ ဦးဆောင်၍ ကျောင်းသား၊ ကျောင်းသူများ အားလပ်ချိန်တွင် အခြေခံဗုဒ္ဓတရားတော်များကို သိရှိပြီး ယဉ်ကျေးလိမ္မာမှု ရှိစေရန်အတွက် ယဉ်ကျေးလိမ္မာ ဓမ္မစကူးလ်သင်တန်းကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ သင်တန်းဆင်းပွဲကို ယမန်နေ့က ကွမ်တာကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မဲဆမိတ်ကျောင်းဆရာတော် ဘဒ္ဒန္တစန္ဒရက အဖွင့်ဩဝါဒ မြွက်ကြားခဲ့ပြီး ဆရာတော်/ သံဃာတော်ကြီးများက မိမိလူမျိုး၊ မိမိဘာသာ၊ သာသနာ လုပ်ငန်းများ မပျောက်ပျက်စေရန်နှင့် ထွန်းကားပြန့်ပွား စေရန်အတွက် ထိန်းသိမ်းစောင့်ရှောက်ရမည်ဖြစ်ပြီး အခြေခံဗုဒ္ဓတရားတော်များကို လူငယ်များအနေဖြင့် သိရှိရမည်ဖြစ်ကြောင်း၊ အနာဂတ်ခေါင်းဆောင် လူငယ်များအနေဖြင့် ဗုဒ္ဓတရားတော်များကို အခြေခံ၍ ခေါင်းဆောင်ကောင်း ဖြစ်လာစေရန် ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်း ဩဝါဒများ အသီးသီး မြွက်ကြားခဲ့ကြသည်။

ထို့နောက် သင်တန်းဆရာတစ်ဦးက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ရတနာသုံးပါး၊ ဗုဒ္ဓဝင်နှင့် မင်္ဂလာတရားတော်များ၊ လူမှုကျင့်ဝတ်များ၊ ဗုဒ္ဓဝါဒ အဆုံးအမ တရားတော်များ စသည့် အခြေခံ ဗုဒ္ဓတရားတော်များကို  သိရှိပြီး လူတော်လူကောင်း ဖြစ်လာစေရန်အတွက် ထိန်းသိမ်းနေထိုင်တတ်ရန် ပြောကြားခဲ့ပြီး သင်တန်းတွင် ထူးချွန်းသော ကျောင်းသား၊ကျောင်းသူများအား ဆုများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။


စောဒိ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)