အမ်း- ဧပြီ ၅
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Commmunity Centre)ခန်းမ၌
ကလေးနှင့် ဆယ်ကျော်သက်အရွယ် လူငယ်များအတွက်စာဖတ်ခြင်း စာအုပ်ဖြင့် စာဖတ် ဝိုင်းကို ယနေ့ နေ့လယ်ပိုင်းအချိန် က ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစန်းဝင်းက စာပေမြတ်နိုးသူ လူငယ်များအား စာဖတ်ဝိုင်းကျင်းပရခြင်းရည်ရွယ် ချက်၊ စာပေအကြောင်းသိကောင်းစရာများ၊ စာပေကိုစိတ်ဝင်စားပြီး စာပေကိုချစ်မြတ်နိုးလာစေရန်၊ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် ကလေးနှင့် ဆယ်ကျော် သက်အရွယ် လူငယ်များအတွက် စာဖတ်ခြင်း စာအုပ်မှ စာရေးဆရာ ခင်မောင်တိုး(မိုးမိတ်)ရေးသားသည့် ဉာဏ်ပညာ ဆောင်းပါးအား ရှင်းလင်း ဆွေးနွေးပြောကြားခဲ့ပြီး စာရေးဆရာ မင်းပုးည ရေး သားသည့် စင်္ကာပူလို့ဖြစ်အောင် ဦးဆောင်ခဲ့သူ စာအုပ်ပါအကြောင်းအရာများကိုဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် မဆောင်းနှင်းဝေ၊ ခင်မာကျော်၊ သဇင်မိုး၊ ရဲထက်အောင်တို့က ကလေးနှင့်ဆယ် ကျော်သက်အရွယ် လူငယ်များအတွက် စာဖတ်ခြင်း စာအုပ်မှ ဉာဏ်ပညာ ဆောင်းပါးတွင်ပါရှိသည့် အ ကြောင်းအရာများကိုဆွေးနွေးခဲ့ပြီး ကျောင်းသားကျောင်းသူများက သိရှိလိုသည့် အကြောင်းအရာများကို မေးမြန်းဆွေးနွေးကြရာ ဦးစီးအရာရှိ ဦးစန်းဝင်းက မေးမြန်ချက်များနှင့်ပတ်သတ်၍ ခြုံငုံသုံးသတ်ဆွေး နွေးပြောကြားခဲ့ကြသည်။
အဆိုပါ စာပေမြတ်နိုးသူ လူငယ်များက လူကုန်ကူးမှုတားဆီးကားကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်ပြထားရှိမှုအား စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြရာ ဦးစီးအရာရှိက စာစောင်ပါအကြောင်းအရာများကို ဆွေး နွေးပြောကြားခဲ့ကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment