ဒုတိယအကြိမ် ရုရှား-မြန်မာ ပူးတွဲအကြမ်းဖက်မှုတိုက်ဖျက်ရေးကော်မတီ အစည်းအဝေးကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒုတိယအကြိမ် ရုရှား-မြန်မာ ပူးတွဲအကြမ်းဖက်မှုတိုက်ဖျက်ရေးကော်မတီ အစည်းအဝေးကျင်းပ





မော်စကို၊ ဧပြီ ၁၂

အကြမ်းဖက်မှုတိုက်ဖျက်ရေးနယ်ပယ်တွင် တုံ့ပြန်မှုများ လျှင်မြန်စွာ ပြုလုပ်နိုင်ရန် ရည်ရွယ်၍ ဒုတိယအကြိမ်မြောက် ရုရှား-မြန်မာ ပူးတွဲအကြမ်းဖက်မှုတိုက်ဖျက်ရေး ကော်မတီအစည်းအဝေးပထမရက်အား ယမန်နေ့က ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့ရှိ ရုရှားကာကွယ်ရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။


 အစည်းအဝေးသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့် ကော်မတီဝင် မြန်မာ့တပ်မတော်မှ အရာရှိကြီးများ တက်ရောက်ကြပြီး ရုရှားဘက်မှ ရုရှားတပ်မတော် ဒုတိယကြည်းတပ်ဦးစီးချုပ် Lieutenant General Matovnikov Alexander Anatolyevich နှင့် ကော်မတီဝင် ရုရှားတပ်မတော်မှ အရာရှိကြီးများ တက်ရောက်ကြသည်။


ရုရှားကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ရုရှားတပ်မတော် ဒုတိယကြည်းတပ် ဦးစီးချုပ် Lieutenant General Matovnikov Alexander Anatolyevich က ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် တပ်မတော်အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား နွေးထွေး လှိုက်လှဲစွာ ကြိုဆိုခဲ့ပြီး မကြာမီကကျရောက်ခဲ့သည့် မြန်မာ့တပ်မတော်၏ (၇၉)နှစ်မြောက် တပ်မတော်နေ့နှင့် မကြာမီကျရောက်မည့် နှစ်သစ်ကူးသင်္ကြန်အခါသမယအတွက် ဂုဏ်ပြုစကားနှင့် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုများကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။


မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းက မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့အား လှိုက်လှဲနွေးထွေးစွာ ကြိုဆိုမှုအပေါ် ကျေးဇူးတင်ရှိပါကြောင်း၊ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ကဏ္ဍစုံပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာလျက်ရှိပါကြောင်းနှင့် နည်းလမ်းမျိုးစုံဖြင့် ဖြစ်ပေါ်လျက်ရှိသော အကြမ်းဖက်တိုက်ခိုက်မှုများကိုလည်း နှစ်နိုင်ငံပူးပေါင်း၍ လျင်မြန်စွာ တုံ့ပြန်တိုက်ဖျက်နိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့ သည်။ ဆက်လက်၍ နှစ်ဖက်ကိုယ်စားလှယ်အဖွဲ့များအနေဖြင့် အကြမ်းဖက်တိုက်ဖျက်မှု ဆိုင်ရာနည်းလမ်းအား အသေးစိတ်ဆွေးနွေးခဲ့ကြပြီး မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံရေးစိတ်ဓာတ်ဖြင့် တပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များအား ထပ်လောင်းဆွေးနွေးခဲ့ ကြသည်။


 ထို့နောက် ရုရှားတပ်မတော် ဒုတိယကြည်းတပ်ဦးစီးချုပ် Lieutenant General Matovnikov Alexander Anatolyevich က မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့အား နေ့လယ်စာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သတင်းရရှိသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)