ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး Gyeonggi ပြည်နယ်ရှိ Nonghyup Agricultural Cooperative University ကျောင်းအုပ်ကြီးနှင့် တွေ့ဆုံဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး Gyeonggi ပြည်နယ်ရှိ Nonghyup Agricultural Cooperative University ကျောင်းအုပ်ကြီးနှင့် တွေ့ဆုံဆွေးနွေး






ဆိုးလ်၊ ဧပြီ ၁၂

ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်သည် ၉-၄-၂၀၂၄ ရက်နေ့တွင် Gyeonggi ပြည်နယ်ရှိ Nonghyup Agricultural Cooperative University သို့ သွားရောက်၍ ကျောင်းအုပ်ကြီး Mr. Son Byung Hwan နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ 

ယင်းသို့တွေ့ဆုံရာတွင် မြန်မာသံအမတ်ကြီးက မြန်မာနိုင်ငံ၏ ပထဝီအနေအထား၊ စိုက်ပျိုးရေးကဏ္ဍ၊ မြန်မာနိုင်ငံ၌ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ဖွင့်လှစ်ထားရှိမှုအပါအဝင် မြန်မာနှင့် ကိုရီးယားနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် Saemaul Undong ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်းလုပ်ငန်းများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ စိုက်ပျိုးရေးကဏ္ဍတွင် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေး အထူးပြုဘာသာရပ်ဖြင့်  မြန်မာနိုင်ငံအတွက် ပညာသင်ဆု ပေးအပ်နိုင်မည်ဆိုပါက များစွာ ကျေးဇူးတင်ရှိမည် ဖြစ်ပါကြောင်း စသည်ဖြင့် ဆွေးနွေးပြောကြားခဲ့သည်။ 

ကျောင်းအုပ်ကြီးကလည်း ၎င်းတက္ကသိုလ်၏ သမိုင်းကြောင်း၊ တက္ကသိုလ်၌ လက်ရှိသင်ကြားပို့ချ ပေးနေသည့် အခြေအနေနှင့် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ထားရှိမှုများကို ရှင်းလင်း ပြောကြားခဲ့ပြီး မြန်မာနိုင်ငံဘက်မှ မေတ္တာရပ်ခံချက်အရ မြန်မာနိုင်ငံမှ ပညာသင်တစ်ဦး အတွက် ပညာသင်ဆု စတင်ပေးအပ်သွားနိုင်မည်ဖြစ်ကြောင်း ပြန်လည် ဆွေးနွေးပြောကြားခဲ့သည်။

ယင်းနောက် တက္ကသိုလ်ပရဝဏ်၌ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နေသည့် Smart Farm များသို့ သွားရောက် လေ့လာကြည့်ရှုခဲ့ပြီး ခရီးစဉ်တွင် မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ)မှ  စစ်သံမှူး နှင့် ပညာရေးသံမှူးတို့လည်း လိုက်ပါခဲ့ကြောင်း သိရသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)