နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) မြန်မာနိုင်ငံ နိုင်ငံ့ဝန်ထမ်းစနစ်နှင့် အုပ်ချုပ်မှုပုံစံများ ပြောင်းလဲမှုအပေါ် ဆန်းစစ်ခြင်းစာတမ်းဖတ်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) မြန်မာနိုင်ငံ နိုင်ငံ့ဝန်ထမ်းစနစ်နှင့် အုပ်ချုပ်မှုပုံစံများ ပြောင်းလဲမှုအပေါ် ဆန်းစစ်ခြင်းစာတမ်းဖတ်ပွဲကျင်းပ


ရန်ကုန်၊ ဧပြီ ၆

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံ နိုင်ငံ့ဝန်ထမ်းစနစ်နှင့် အုပ်ချုပ်မှုပုံစံ များ ပြောင်းလဲမှုအပေါ် ဆန်းစစ်ခြင်းအခမ်းအနားကို ယမန်နေ့က နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) ကေတုမတီခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သော်၊ အမြဲတမ်းအတွင်းဝန်နှင့် ဥက္ကဋ္ဌရုံး အဖွဲ့/ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များမှ ပါမောက္ခချုပ် များ၊ ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူးများနှင့် ပညာဌာနများမှ ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာ ဆရာမများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌက နိုင်ငံတစ်ခုတည်ငြိမ်ဖွံ့ဖြိုးတိုးတက်ရန် ကြိုးပမ်းဆောင် ရွက်ရာတွင် နိုင်ငံ့ဝန်ထမ်းစနစ်နှင့် အုပ်ချုပ်မှုပုံစံသည် အဓိကကျသော အခန်းကဏ္ဍတွင် ရှိနေ ကြောင်း၊ ကမ္ဘာ့သမိုင်းကို ပြန်ကြည့်မည်ဆိုပါက အသက်၊ သွေးချွေးတို့ဖြင့် တည်ဆောက်ခဲ့သော အင်ပါယာကြီးများသည်ပင် အားကောင်းသည့်ဝန်ထမ်းစနစ်နှင့် စနစ်ကျသော အုပ်ချုပ်မှု ပုံစံမရှိခဲ့သည့်အတွက် တဖြည်းဖြည်းအင်အားချည့်နဲ့ ပျောက်ကွယ်သွားသည်ကို လေ့လာတွေ့ရှိနိုင်မည်ဖြစ်ကြောင်း၊ မြန်မာ့သမိုင်းဖြစ်စဉ်များတွင်လည်း ပဒေသရာဇ်ခေတ်ဦး၊ ပဒေသရာဇ် ခေတ်၊ ကိုလိုနီခေတ်၊ လွတ်လပ်ရေးရပြီး ခေတ်ဦး၊ စနစ်ပြောင်းကာလဖြစ်စဉ်များတွင် “တည်ငြိမ် ဖွံ့ဖြိုးသောကာလ”၊ “တည်ငြိမ်မှုကျဆင်းပြီး တိုးတက်မှုကျဆင်းသောကာလ”၊ “ကသောင်းကနင်း ဖြစ်သောကာလ”၊ “ပြန်လည်တည်ဆောက်ရသောကာလ” ဟူ၍ Vicious Cycle လည်ပတ်နေရမှု ကြောင့် ခေတ်ပြိုင်နိုင်ငံများနှင့် အတူ ရှေ့သို့တက်လှမ်းနိုင်မှုနှေး ကွေးခဲ့ကြောင်း။

ကိုလိုနီကျွန်ပြုခံရခြင်း၊ တိုင်းရင်းသားလူမျိုးစုကွဲပြားမှု၊ ပြည်ပဩဇာသက်ရောက်မှုနှင့် ပထဝီ ဝင်နိုင်ငံရေးအခြေအနေအရ မတူညီမှုများကြောင့်လည်း တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး နှေးကွေးခဲ့ ရကြောင်း၊ အားကောင်းသော နိုင်ငံ့ဝန်ထမ်းစနစ်နှင့် အုပ်ချုပ်မှုပုံစံများသည် နိုင်ငံတော်တည်ငြိမ် ဖွံ့ဖြိုးတိုးတက်မှုကို ဩဇာသက်ရောက်မှုရှိသည့်အတွက် သမိုင်းခေတ်အဆက်ဆက် ပြောင်းလဲ လာသော ဝန်ထမ်းစနစ်နှင့် အုပ်ချုပ်မှုပုံစံများကို ဆန်းစစ်လေ့လာ သုံးသပ်ပြီး သင်ခန်းစာဖော်ထုတ် ကာ အနာဂတ်အတွက် အယူအဆတစ်ခု၊ အဆိုတစ်ခု အနုမာနပြုမူတစ်ခု ဖော်ထုတ်အသုံးချနိုင်ရန် ရည်ရွယ်၍ ဆွေးနွေးပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ “မြန်မာနိုင်ငံ နိုင်ငံ့ဝန်ထမ်းစနစ်နှင့် အုပ်ချုပ်မှုပုံစံများ ပြောင်းလဲမှုအပေါ် ဆန်း စစ်ခြင်း” ခေါင်းစဉ်အပေါ် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)၊ ဥပဒေပညာဌာန ပါမောက္ခ(ပညာဌာနမှူး) ဒေါက်တာ ပွင့်ဖြူသန့်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ဥပဒေပညာဌာန ပါမောက္ခ (ပညာဌာနမှူး) ဒေါ်ဝါဝါလွင်၊ တွဲဖက်ပါမောက္ခ ဒေါ်သီတာစိုးတို့က ဥပဒေရှုထောင့်မှလည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)၊ နိုင်ငံရေးသိပ္ပံပညာ ဌာနမှ ပါမောက္ခ (ပညာဌာနမှူး) ဒေါ်ဝင်းစန္ဒာဦးနှင့် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) မှ ပါမောက္ခ (ခေတ္တပညာဌာနမှူး) ဦးတင်စိုးတို့က နိုင်ငံရေးရှုထောင့်မှလည်းကောင်း ဆွေးနွေးကြ ကြောင်း သိရသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)