မြို့သစ် ၊ ဧပြီ ၂၃
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၌ မြို့အင်္ဂါရပ်နှင့်အညီ လှပစေရန်အတွက် ပန်းအလှပင်များ စိုက်ပျိုးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ၏ ဦး ဆောင်ကြီးကြပ်မှုဖြင့် အဖွဲ့ဝန်ထမ်းများက ဆောင်ရွက်ခဲ့သည်။
အဆိုပါ ပန်းအလှပင်များ စိုက်ပျိုးရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများက မြို့အဝင်ဆိုင်းဘုတ်နှင့် မြို့ဦးလမ်း၊ လွတ်လပ်ရေးပန်းခြံရှေ့တို့တွင် ပန်းအလှပင်များဖြစ်သည့် ဗိုလ်ကတော်ပင်များ စိုက်ပျိုးခြင်း၊ စိုက်ပျိုးပြီးအပင်များ ရှင်သန်မှုရှိစေရန် အဖွဲ့ပိုင်ရေသယ်မော်တော်ယာဉ်ဖြင့် ရေလောင်းပေးခြင်းများ ဆောင်ရွက်ခဲ့သည်။
မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့သန့်ရှင်းသာယာလှပရေးအတွက် ပန်းအလှပင်များ စိုက်ပျိုးခြင်း၊ အရိပ်ရအပင်များ စိုက်ပျိုးခြင်းနှင့် ဒေသခံပြည်သူတို့၏ ကျန်းမာရေးနှင့် ညီညွတ်စေရန်မြို့ပေါ်ရှိဌာနဆိုင်ရာများ၊ ရပ်ကွက်နေပြည်သူများ၏ စွန့်ပစ်ပစ္စည်းများအား အမှိုက်သိမ်းမော်တော်ယာဥ်ဖြင့် နေ့စဉ်သိမ်းဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့က သိရသည်။
သန်းဝင်းထွန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment