မိုင်းပန် ဧပြီ ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၌ နှစ်စဉ်နှစ်တိုင်း ကျင်းပမြဲဖြစ်သော နှစ်ပတ်လည် နန်းယီဆိုင်ကော် ရေစက်ချတရားပွဲကို နန်းယီဆိုင်ကော်ဘုန်းတော်ကြီးကျောင်း၌ ယနေ့နံနက် ၇ နာရီအချိန်က (၄၅)ကြိမ်မြောက် နန်းယီဆိုင်ကော်ရေစက်ချတရားပွဲ ကျင်းပခဲ့သည်။
ရှေးဦးစွာ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိသတ်အပေါင်းတို့မှ နမောတဿ (၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ မိုင်းပန်မြို့နယ် သံဃနာယကအကျိုးတော်ဆောင် ဆရာတော်ထံ(၅)ပါးသီလ ဆောက်တည်ခဲ့ကြသည်။ ထို့နောက် ဆရာတော်၊ သံဃာတော်အပေါင်းတို့မှ အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခဲ့ကြပြီး လူ၊ နတ်၊ ဗြမ္မာ၊ သတ္တဝါ အပေါင်းတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။
ဆက်လက်၍ မြို့နယ်အတွင်းရှိ စေတနာရှင်၊ အလှူရှင်များက တရားတော်လာရောက် နာယူသူများအား စတုဒီတာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြပြီး (၄၅)ကြိမ်မြောက် နန်းယီဆိုင်ကော် ရေစက်ချတရားပွဲသို့ တရားလာရောက်နာယူသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
နော်မှိုင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment