ကသာ ဧပြီ ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့၏ ကြီးကြပ်မှုဖြင့်ကသာမြို့တွင် ဒေသခံပြည်သူများအား စားအုန်းဆီကို ပြင်ပပေါက်ဈေးထက် ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရန်အတွက် ယနေ့နံနက်(၇) နာရီအချိန်က မြို့တော်ခန်းမ၌ ရောင်းချပေးခဲ့ကြောင်းသိရသည်။
အဆိုပါ စားအုန်းဆီများရောင်းချပေးရာတွင် လူတစ်ဦးလျှင် စားအုန်းဆီ (၁)ပိဿာကို ငွေကျပ် ၆၈၀၀ နှုန်းဖြင့် ဒေသခံပြည်သူများအား လက်ဝယ်အရောက်ရောင်းချပေးခဲ့သည်။ စားအုန်းဆီရောင်းချ ပေးနေမှုကို ခရိုင် ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး ရဲဝင်းလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးနိုင်ဝင်းနှင့် အဖွဲ့ဝင်များက ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
တန်ဖိုးသင့်စားအုန်းဆီ ရောင်းချပေးခြင်းကို ကသာခရိုင်ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့၏ ကြီးကြပ် မှုဖြင့် မြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့နှင့် မြို့နယ်ကုန်သည်ကြီးများအသင်းက ယနေ့တွင် ကသာမြို့ ဌာနဆိုင်ရာဝန်ထမ်းများအား ရောင်းချပေးခဲ့ကြောင်းနှင့် စားအုန်းဆီများရောင်းချပေးလျက်ရှိရာ ကသာမြို့နယ် အတွင်းရှိ ဝန်ထမ်းများအား(၁၆)ကြိမ်၊ ဒေသခံပြည်သူ(၂၀)ကြိမ်၊ နိုင်ငံ့ဝန်ထမ်းပင် စင်စားများအား (၁)ကြိမ်၊ မြို့ပေါ်ဘုန်းတော်ကြီးကျောင်းများနှင့်သီလရှင်ကျောင်းများသို့ (၃)ကြိမ် စုစုပေါင်း (၄၀) ကြိမ်ရောင်းချပေးခဲ့ပြီး ဖြစ်ကြောင်း ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။
ရဲလင်းထွန်း(ကသာ)
https://t.me/MyanmarNationalPost
No comments:
Post a Comment