ရွှေတောင်မြို့နယ်တွင် ၂၀၂၄ -ခုနှစ် အစိုးရပါဠိပထမပြန် စာမေးပွဲစတင်ဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်တွင် ၂၀၂၄ -ခုနှစ် အစိုးရပါဠိပထမပြန် စာမေးပွဲစတင်ဖြေဆို




ရွှေတောင် ဧပြီ ၄

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ၊ကြာနီကန်ရပ်ကွက်၊  သာသနာ့ဗိမာန်တော်ကြီးတွင် ယမန်နေ့ နေ့လယ်ပိုင်းက ၂၀၂၄-ခုနှစ်၊ အစိုးရ       ပါဠိပထမပြန်စာမေးပွဲကို စတင်ဖြေဆိုခဲ့ကြောင်း  သိရသည်။ 

      ရှေးဦးစွာ ရွှေတောင်မြို့နယ် သံဃနာယကဆရာတော်ကြီးများ၏ ဩဝါဒကိုခံယူ၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဟံဝင်းအောင်၏ ကြီးကြပ်မှုဖြင့် ၂၀၂၄-ခုနှစ်၊ အစိုးရပါဠိပထမပြန် စာမေးပွဲတွင် ပထမကြီးတန်း (၁၈)ပါး၊ ပထမလတ်တန်း(၁၂)ပါး၊ ပထမငယ်တန်း (၅)ပါးနှင့် အခြေပြုမူလတန်း (၂၁)ပါး စုစုပေါင်း စာရင်းရှိ (၅၆)ပါးတို့ ဝင်ရောက်ဖြေဆိုကြမည်ဖြစ်ပြီး ပျက်ကွက်(၉)ပါး ဖြစ်ကြောင်းသိရသည်။

    အဆိုပါ ပါဠိပထမပြန်စာမေးပွဲကို ဧပြီလ ၃ ရက်နေ့မှ ၉ ရက်နေ့အထိ နေ့စဉ် နေ့လယ် ၁၂ နာရီမှ မွန်းလွဲ ၃ နာရီအထိ စာမေးပွဲဖြေဆိုကြမည်ဖြစ်ပြီးစာဖြေပထမနေ့တွင် အခြေပြုမူလတန်းမှ  ဝိနည်းကျင့်ဝတ်၊ သုကုမာရမဂ္ဂဒီပနီဘာသာရပ်၊ ပထမငယ်တန်းမှ ဘိက္ခုပါတိ​မောက်ဘာသာနှင်ဓမ္မပဒ၊ ပထမလတ်တန်းနှင့်ပထမ​ ကြီးတန်းတို့မှ ဒွေမာတိကာဘာသာနှင့်ဓမ္မပဒ စသည့်ဘာသာရပ်များကို ဖြေဆိုခဲ့ကြပြီး  စာဖြေသံဃာတော်များ အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေးအတွက် ကျန်းမာရေးစောင့်ရှောက်မှုနှင့် နေ့ဆွမ်းကပ်ခြင်းနှင့်  အာဟာရဒါန လှူဒါန်းခြင်းများကို စေတနာရှင်၊ အလှူရှင်များနှင့် ဌာနဆိုင်ရာများ ကလှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။

ကိုကိုမင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)