တောင်ကုတ်မြို့ အစိုးရဓမ္မာစရိယဂုဏ်ထူး နှင့်ပါဠိပထမပြန်စာမေးပွဲဆက်လက်​ကျင်းပလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကုတ်မြို့ အစိုးရဓမ္မာစရိယဂုဏ်ထူး နှင့်ပါဠိပထမပြန်စာမေးပွဲဆက်လက်​ကျင်းပလျက်ရှိ





တောင်ကုတ် ဧပြီ ၃

တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေး ဦးစီးဌာနက ကျင်းပသော ၂၀၂၄ ခုနှစ် အစိုးရဓမ္မာစရိယနှင့်ပါဠိပထမပြန် စာမေးပွဲကို ‌ဖောင်တော်ဦးစေတီတော် ဓမ္မဝိဇယ သာသနာ့ ဗိမာန်တော်ကြီး တွင် ယမန်နေ့ မွန်းတည့် ၁၂ နာရီအချိန်က ဆက်လက်ကျင်းပလျက်ရှိကြောင်းသိရသည်။

ထိုသို့​ကျင်းပလျက်ရှိရာတွင် တောင်ကုတ်မြို့နယ်အတွင်းရှိ စာသင်တိုက်အသီးသီးမှ ဓမ္မာစရိယ မြန်မာဂုဏ်ထူးစာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းထားသည့် သံဃာအပါး(၁၉)ရှိသည့်အနက်မှ သံဃာ(၁၂)ပါးမှ လည်းကောင်း  ၊ ပါဠိပထမပြန်စာမေးပွဲ ပထမကြီးတန်းတွင် ဖြေဆိုရန် စာရင်းရှိ သံဃာ(၉)ပါးအနက် (၆)ပါးမှလည်းကောင်း  ၊ ပထမလတ်တန်းတွင် ဖြေဆိုရန် စာရင်းရှိ သံဃာ (၁၈)ပါး ရှိ သည့်အနက် (၁၃)ပါးမှလည်းကောင်း  ၊ ပထမငယ် တန်းရှိ ဖြေဆိုရန် စာရင်းရှိ သံဃာ (၂၆)ပါးရှိသည့် အနက် ​(၂၃)ပါးမှ လည်းကောင်း ၊ မူလတန်းရှိ ဖြေဆို ရန် စာရင်းရှိသံဃာ(၈၇)ပါးရှိသည့်အနက် ​(၅၆)ပါး မှလည်းကောင်း ဖြေဆိုခဲ့ကြကြောင်းသိရသည်။

စာဖြေသံဃာတော်များ အဆင်ပြေစေရန်အတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်မြင့်လှိုင် နှင့်အဖွဲ့ဝင်များ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇာနည်တိုး နှင့်အဖွဲ့ဝင်များ ၊ ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာများက လှူဖွယ်ဝတ္တုငွေများဆက်ကပ်လှူဒါန်းလျက်ရှိကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)