မြန်မာ့အမျိုးသားရေးကွန်ရက်၏ နှစ်သစ်ဆုတောင်းလွှာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာ့အမျိုးသားရေးကွန်ရက်၏ နှစ်သစ်ဆုတောင်းလွှာ




မြန်မာ့အမျိုးသားရေးကွန်ရက်၏ နှစ်သစ်ဆုတောင်းလွှာ

၁၃၈၅ခုနှစ်အကုန် မြန်မာနှစ်-၁၃၈၆ ခုနှစ်သို့ ကူးပြောင်းသော နှစ်သစ်ကူးအခါသမယကို ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ဖြတ်သန်းခဲ့ကြသည်ကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရပါသည်။

ပြည်သူများ၏ ပျော်ရွှင်အေးချမ်းမှုကို မလိုလားသော CRPH, NUG, PDF အစရှိသော အကြမ်းဖက် အဖွဲ့များနှင့် ပြည်ဖျက်မီဒီယာများက နှစ်သစ်ကူးအခါသမယ သင်္ကြန်ကာလအတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် လုပ်ဆောင်ခဲ့သော ရက်စက်ယုတ်မာမှုများကိုလည်း စက်စုပ်ရွံရှာဖွယ် တွေ့မြင်ခဲ့ရပါသည်။

သင်္ကြန်ကာလအတွင်း ကရင်ပြည်နယ်တွင် NUG နှင့် အပေါင်းအပါ KNU, KNLA, KTLA အကြမ်းဖက် သောင်းကျန်းသူများက မြဝတီ၊ ကော့ကရိတ်ဒေသများတွင် တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် အကြမ်း ဖက်လုပ်ရပ်များ ကျူးလွန်ခဲ့ကြသည်။

အလားတူ NUG ၏ လက်ဝေခံ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ကလည်း ရခိုင်ပြည်နယ်၊ မင်းပြားမြို့ ဈေးကို မီးရှို့ဖျက်ဆီးခြင်းနှင့် အကြမ်းဖက်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြသည်။

မန္တလေးမြို့တွင် NUG အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ MDY-PDF အကြမ်းဖက်အဖွဲ့က မိုင်းခွဲတိုက် ခိုက်ခြင်းကြောင့် အပြစ်မဲ့ ကလေးငယ် ၅ဦးအပါအဝင် စုစုပေါင်း ၁၂ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ထို့အတူ ၁၄-၄-၂၀၂၄ ရက်နေ့ ညက ပြင်ဦးလွင်မြို့တွင်းသို့ PDFနှင့် ပူးပေါင်းအဖွဲ့များက ရှော့တိုက်ဒုံးများ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် သံဃာတော် ၂ပါး ပျံလွန်တော်မူခဲ့ရပြီး အပြစ်မဲ့ ပြည်သူ ၂ဦး သေဆုံးကာ ၁၂ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာ ပြည်ပသြဇာခံ CRPH, NUG နှင့် ပြည်ဖျက်မီဒီယာများအနေဖြင့် အခြား သော ဘာသာရေးပွဲလမ်းသဘင်ရက်များတွင် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ရန် လှုံ့ဆော်ခြင်းမရှိဘဲ ဗုဒ္ဓဘာသာဝင်တို့၏ အခါကြီး ရက်ကြီးများတွင် ပြည်သူများ အေးချမ်းပျော်ရွှင်မှုကို မလိုလားမှုမရှိကြောင်း ဖြစ်ပေါ်ခဲ့သော အကြမ်းဖက်လုပ်ရပ်များက သက်သေခံလျက်ရှိပါသည်။

နိုင်ငံတော်အစိုးရအနေဖြင့် တည်ငြိမ်အေးချမ်းရေးကို အပြုသဘောဆန်ဆန် ဆောင်ရွက်နေသော်လည်း ပြည်ပသြဇာခံ ပြည်ဖျက်မိစ္ဆာများ၏ ရည်ရွယ်ချက်မှာ အလုံးစုံပျက်သုဉ်းရေးကို ဦးတည်လုပ်ဆောင်နေခြင်း ဖြစ်သဖြင့် ၎င်းတို့၏ သြဇာခံ PDF အကြမ်းဖက်သမားများ ရှိနေသ၍ အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန် နေကြမည်ဖြစ်ပါသည်။

တပ်မတော်က အာဏာအရပ်ရပ်ကို လွှဲပြောင်းတာဝန်ယူဆောင်ရွက်နေသည့် ကာလအတွင်း NLD ပါတီမှ CRPH, NUG, PDF အကြမ်းဖက်အဖွဲ့များ ပေါ်ပေါက်လာပြီး တိုင်းရင်းသားလက်နက်ကိုင်အမည်ခံ အကြမ်း ဖက်သောင်းကျန်းသူများနှင့် ပူးပေါင်း၍ ဥပဒေဘောင်အတွင်း နေထိုင်သော ရဟန်းရှင်လူပြည်သူများကို သတ်ဖြတ်ခဲ့သည်မှာ တရားဝင်စာရင်းများအရ အပြစ်မဲ့ရဟန်းရှင်လူပြည်သူ (၈၀၀၀)ကျော် (ပျံလွန်တော်မူ) သေဆုံးခဲ့ရပြီး ဖြစ်ပါသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်၍ ဆောင်ရွက်နေရာတွင် "ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်း၍ တရားဥပဒေစိုးမိုးရေးအပြည့်အဝ ရရှိလာအောင် အလေးထားဆောင်ရွက်သွားမည်။" ဟူသော လုပ်ငန်းစဉ်ကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်နိုင်ခြင်း မရှိသေးသည်ကို တွေ့မြင် နိုင်ပါသည်။ အကြမ်းဖက်နှိမ်နင်းရေးကို မြွေမသေ တုတ်မကျိုး လုပ်နေသမျှ ကာလပတ်လုံး နိုင်ငံတော် အစိုးရ၏ ရှေ့လုပ်ငန်းစဉ် နံပါတ်(၁)မှာ အောင်မြင်မှုနှင့် ဝေးကွာနေအုံးမည်သာ ဖြစ်ပါသည်။ CRPH, NUG, PDF အကြမ်းဖက်အဖွဲ့များ၏ လက်ချက်ဖြင့် အဖိုးတန်လှစွာသော ရဟန်းရှင်လူပြည်သူများ၏ အသက်အိုး အိမ် စည်းစိမ်များ ပျက်စီးဆုံးရှုံးရအုံးမည်ဖြစ်ပါသည်။

သို့ပါ၍ နှစ်သစ်ကူး အခါသမယမှသည် တည်ငြိမ်အေးချမ်း၍ တရားဥပဒေစိုးမိုးရေးအပြည့်အဝ ရရှိလာ အောင် ဆောင်ရွက်ကြရမည်ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် လူ့ဘောင်တွင် နေထိုင်ကြသော လူသားများ ဖြစ် သည့်အားလျော်စွာ မလွှဲသာမရှောင်သာဘဲ စစ်ကိုလည်း တိုက်ကြရပါသည်။ ခွေးရူးကိုလည်း သတ်ကြရ ပါသည်။ လူဆိုး သူခိုးများကိုလည်း နှိမ်နင်းရပါသည်။ မကောင်းသော အကုသိုလ်လုပ်ငန်းများ ဖြစ်သည့် အလျောက် မလုပ်လိုကြပါ။ အထူး ရှောင်ကြဉ်လိုကြပါသည်။ သို့ရာတွင် ဒုစရိုက်တရားများနှင့် အဓမ္မဝါဒ များက လောကကို ဖျက်ဆီးရန် အားထုတ်လာသောအခါ၊ သုစရိုက်တရားများနှင့် ဓမ္မဝါဒကို လွှမ်းမိုးရန် ကြိုးပမ်းသောအခါ၊ မိမိအတွက် အသက်အန္တရာယ် ကြုံသောအခါ ကျူးကျော်စစ်ကို တိုက်ခြင်းအား ဖြင့်လည်းကောင်း၊ ခွေးရူးကို သတ်ခြင်းအားဖြင့်လည်းကောင်း၊ လူဆိုး သူခိုးများကို နှိမ်နင်းခြင်းအားဖြင့် လည်းကောင်း တိုင်းပြည်၏ အစီးအပွားအတွက် ဓမ္မဝါဒ ရှင်သန်ထွန်းကားရေးအတွက် ဆောင်ရွက်ကြ ရမည် ဖြစ်ပါသည်။

၁၃၈၆ ခုနှစ်၊ နှစ်သစ်မှ စ၍ ပြည်ပသြဇာခံ ပြည်ဖျက်မိစ္ဆာ အကြမ်းဖက်အန္တရာယ်များကို ပြတ်သားစွာ နှိမ်နင်းဖယ်ရှားနိုင်ကြပါစေ၊ ပြည်သူများအနေဖြင့်လည်း ရဟန်းရှင်လူပြည်သူတို့၏ အသက်ကို ရောင်း၍ ဒေါ်လာတောင်းစားနေသော ပြည်ဖျက်မိစ္ဆာ CRPH, NUG အကြမ်းဖက်အဖွဲ့များ၏ သရုပ်မှန်ကို သိရှိနား လည်ပြီး မိမိတို့၏ လူမှုစီးပွားဘဝများ တည်ငြိမ်အေးချမ်းစေရေး၊ ရဟန်းရှင်လူပြည်သူများ အကြမ်းဖက် ဘေးအန္တရာယ် ကင်းဝေးစေရေးကို ရှေးရှုဆောင်ရွက်နိုင်ကြပါစေကြောင်း . . . . 


Myanmar National Network


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)