ပုလောမြို့နယ်၊ ပလောက်မြို့ ပြည်သူ့ဆေးရုံအား PDF အကြမ်းဖက်သမားများ၏ Drop Bomb ပစ်ချတိုက်ခိုက်မှုကြောင့် ကလေးကုသဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲပြီး ကလေးငယ် ၁ ဦးအပါအဝင် အပြစ်မဲ့ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုလောမြို့နယ်၊ ပလောက်မြို့ ပြည်သူ့ဆေးရုံအား PDF အကြမ်းဖက်သမားများ၏ Drop Bomb ပစ်ချတိုက်ခိုက်မှုကြောင့် ကလေးကုသဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲပြီး ကလေးငယ် ၁ ဦးအပါအဝင် အပြစ်မဲ့ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရ







နေပြည်တော်၊ ဧပြီ ၁၆

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ပလောက်မြို့ ပြည်သူ့ဆေးရုံအား ယနေ့ညနေပိုင်းတွင် PDF အကြမ်းဖက်သမားများက Drop Bomb များဖြင့် ယုတ်မာ ရက်စက်စွာ ပစ်ချတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ယနေ့ညနေ ၄ နာရီခန့်တွင်  ပုလောမြို့နယ်၊ ပလောက်မြို့ ပြည်သူ့ဆေးရုံအား အကြမ်းဖက်သမားများက ဆေးရုံ၏ အရှေ့မြောက်ဘက် မီတာ ၁၅၀၀ ခန့်အကွာမှနေ၍ Drone ဖြင့်  Drop Bomb ၁ လုံး လာရောက်ပစ်ချ တိုက်ခိုက်ခဲ့သဖြင့် ဆေးရုံ၏ ကလေးကုသဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အဆိုပါကလေးကုသဆောင်၌ ဆေးရုံတက်ရောက်ကုသနေသည့် ကလေးငယ် ၁ ဦး နှင့် လူနာစောင့် အပြစ်မဲ့ဒေသခံပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အထက်ပါဖြစ်စဉ်မှ ထိခိုက်ဒဏ်ရာရရှိသူများအား ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူစေလျက်ရှိကြောင်းနှင့် ယခုကဲ့သို့ ပြည်သူ့ဆေးရုံပေါ်သို့ Drop Bomb  ပစ်ချတိုက်ခိုက်ခြင်းသည် ဂျီနီဗာကွန်ဗန်းရှင်းနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့အရ စစ်ရာဇဝတ်မှု(War Crime)ကို ကျူးလွန်ခြင်းဖြစ်ပြီး  အဆိုပါအကြမ်းဖက်မှုကို ကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား အမြန်ဆုံးဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့် အညီ အပြစ်ပေးအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)