လူရည်ချွန်စခန်း(ချောင်းသာ)မှ ဒွါဒသမတန်း လူရည်ချွန်မောင်မယ်များ ပုသိမ်မြို့တွင်း လှည့်လည်လေ့လာ - Myanmar National Post

Myanmar National Post

News Agency

Breaking

လူရည်ချွန်စခန်း(ချောင်းသာ)မှ ဒွါဒသမတန်း လူရည်ချွန်မောင်မယ်များ ပုသိမ်မြို့တွင်း လှည့်လည်လေ့လာ

 



ချောင်းသာ  ၊ ဧပြီ  ၃၀

လူရည်ချွန်စခန်း(ချောင်းသာ)မှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဒွါဒသမတန်း လူရည်ချွန်မောင်မယ်များသည် ကြီးကြပ်ဆရာ၊ ဆရာမများနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယမန်နေ့နံနက်ပိုင်းတွင် ပုသိမ်မြို့တွင်းသို့ လှည့်လည် လေ့လာကြသည်။

ရှေးဦးစွာ လူရည်ချွန်စခန်း(ချောင်းသာ)မှ လူရည်ချွန်မောင်မယ်များသည် ပုသိမ်မြို့၏ နာမည်ကြီး ဒေသထွက် စားသောက်ကုန်လုပ်ငန်းများဖြစ်သော  ရွှေမြင်းပျံပုသိမ်ဟာလဝါ၊ ရွှေမြင်းပုသိမ် ဟာလဝါနှင့် သူဌေးမုန့်လုပ်ငန်းတို့အား  သွားရောက်လေ့လာခဲ့ကြရာ တာဝန်ရှိသူတို့က လုပ်ငန်းများ အလိုက်   ထုတ်လုပ်မှု အဆင့်ဆင့်တို့ကို လိုက်လံရှင်းလင်း ပြောကြားကြပြီး ဆက်လက်၍ ပုသိမ်မြို့၏ တန်ခိုးကြီး ဘုရားတစ်ဆူ ဖြစ်သော မြို့၏ကျက်သရေဆောင် ရွှေမုဋ္ဌောစေတီသို့ ရောက်ရှိရာ    စေတီတော်ဂေါပကအဖွဲ့ အလှည့်ကျသဘာပတိက ဘုရားသမိုင်းအား   ရှင်းလင်းပြောကြားပြီးနောက်      လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများက အလှူငွေကျပ် ၁,၅၃၀,၀၀၀အား ပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့ဝင်များက လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာနှင့် ဓမ္မလက်ဆောင် ဘုရားပုံတော်အား    ပြန်လည်ပေးအပ်သည်။

ယင်းနောက် ပုသိမ်မြို့၏ အမှတ်တရပစ္စည်းများ အဓိကပြုလုပ်ရောင်းချသည့် (ရွှေစာ)ပုသိမ်ထီး လုပ်ငန်းသို့ သွားရောက်လေ့လာခဲ့ကြရာ လူရည်ချွန်မောင်မယ်များက ပုသိမ်ထီး ထုတ်လုပ်မှု အဆင့်ဆင့်တို့ကို လေ့လာမှတ်သားခြင်း၊ ပုသိမ်ထီးများနှင့် အမှတ်တရမှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ ကြပြီးနောက် လူရည်ချွန် မောင်မယ်များသည် ပုသိမ်မြို့ မြို့တော်ခန်းမဝန်းအတွင်း ကျင်းပပြုလုပ်လျက်ရှိသည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့အထိမ်းအမှတ် (MSME)လုပ်ငန်းများ၊ ဒေသထွက် ကုန်များ၊ စားသောက်ကုန်များပြပွဲနှင့် စျေးရောင်းပွဲတော်အား ဝင်ရောက်လေ့လာခဲ့ကြသည်။  

ဆက်လက်၍ ပုသိမ်မြို့တော်ခန်းမ၌ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဂုဏ်ပြုဧည့်ခံပွဲ အခမ်းအနားကို တက်ရောက်ခဲ့ကြပြီး ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်က သြဝါဒနှုတ်ခွန်းဆက် စကားပြော ကြားခဲ့ကာ လူရည်ချွန်မောင်မယ်များအား အမှတ်တရဂုဏ်ပြုလက်ဆောင်ပစ္စည်းများ ပေးအပ်ခြင်း နှင့် လူရည်ချွန် မောင်မယ်များနှင့် နေ့လည်စာအတူ သုံးဆောင်ခဲ့ကြပြီးနောက် “လာခဲ့ပါလေ ဧရာမြေ” သီချင်းကို စုပေါင်းသီဆိုကပြ ဖျော်ဖြေခဲ့ကြကာ မြို့တော်ခန်းမရှေ့တွင် အမှတ်တရ စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။ 

ယင်းနောက် လူရည်ချွန်မောင်မယ်များသည် စခန်းတည်ရှိရာ လူရည်ချွန်စခန်း(ချောင်းသာ)သို့ ပြန်လည်ထွက်ခွာခဲ့ကြကြောင်း သိရှိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)