မှော်ဘီမြို့နယ်တွင် ၁၀၇မမ ရှော့တိုက်ဒုံးများ ဖမ်းဆီးရမိ - Myanmar National Post

Myanmar National Post

News Agency

Breaking

မှော်ဘီမြို့နယ်တွင် ၁၀၇မမ ရှော့တိုက်ဒုံးများ ဖမ်းဆီးရမိ




မှော်ဘီ၊ ဧပြီ ၃

မှော်ဘီမြို့နယ်၊ တပ်ကြီးကုန်းကျေးရွာအုပ်စု၊ တပ်ကြီးကုန်းကျေးရွာ တောင်ပိုင်း၊ (၄)ဖာလုံခန့်အကွာ၊ ကွင်းအမှတ်(၅၈၂/က)၊ အမှတ်(၄)လမ်မကြီးမိုင်တိုင်အမှတ် ၁၁/၅နှင့် ၁၁/၆ကြား လမ်းဘေး ကိုက်(၁၀၀)ခန့်အကွာတွင် ယနေ့ ညနေ (၃ ၄၀) အချိန်က ရှော့တိုက်ဒုံးများ တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

မှော်ဘီလေတပ်စခန်းဘက်သို့ ပစ်ခတ်ရန် အသင့်ပြင်ဆင်ထားရှိသည့် ၁၀၇ မမ ရှော့တိုက်ဒုံး(၄)တွဲ လျက် တွေ့ရှိကြောင်း သတင်းအရ  မှော်ဘီတပ်နယ်မှ တာဝန်ရှိသူများ သွားရောက် စိစစ်ခဲ့ခြင်းဖြစ်ပြီး တွေ့ရှိသည့် နေရာ၌ ၁၀၇မမ ရှော့တိုက်ဒုံး(၄)လုံးအား ဝါယာကြိုးများဖြင့် ချိတ်ဆက်ပူးတွဲ ထားလျက် ဒုံးပစ်ဆင်တွင်အသင့်တင်ထားရှိပြီး ဆာလာအိတ်ဖြင့်ထည့်ထားသည့် သဲအိတ်(၂)အိတ်ဖြင့် ဖိထား၍ ကျန်ဆာလာအိတ်ဖြင့်ထည့်ထားသည့် သဲအိတ်(၄)အိတ်အား ဘေးတွင်ပုံလျက်တွေ့ရှိခဲ့ရသည်။

အင်ဂျင်နီယာတပ်ရင်းသို့ အကြောင်းကြားခဲ့ပြီး ညနေ (၄ ၃၀) အချိန် အမှတ်(၉၀၅) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းမှအဖွဲ့မှရောက်ရှိ ရှင်းလင်းခဲ့ရာ ၁၀၇ မမ ရှော့တိုက်ဒုံး(၄)လုံး၊ ပစ်စင်(၁)ခု၊ ဆားကစ်ပြား(၁)ပြား၊ 12 V ဘယ်ထရီအိုး အသေး (၁)လုံးတို့အား သက်မဲ့ပြုလုပ်ခဲ့ပြီး တာဝန်ရှိသူများမှ သိမ်းဆည်းသွားကြောင်း သိရသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)